မေမေတို ့ရဲ ့ကလေးလေးမေွးလာတဲ့အချိန်ကနေစပြီး ကလေးကိုအာဟာရ လုံလောက်အောင်ပေးဖို ့ဆိုတာ မေမေတို ့မှာတာဝန်ရှိလာပါပြီ။
ကလေးငယ်ဟာ အာဟာရလုံလုံလောက်လောက်ရမှ ဉာဏ်ရည်ဖွံ ့ဖြိုးမှာဖြစ်လို ့အမေနို ့တစ်မျိုးတည်းကို စတိုက်ကတည်းကစပြီးမေမေက အာဟာရ
ပြည့်ဝအောင်စားရမယ်နော်။
မေွးကင်းစမှ ၆လအရွယ်ကလေးငယ်~
မိခင်နို ့ကို မေွးကင်းစ အရွယ်ကနေစပြီး ကလေးအသက်၆လအထိ တိုက်ကျေွးရပါမယ်။မိခင်နို ့မှာ ကလေးကျန်းမာရေးနဲ ့ဉာဏ်ရည်ထက်မြက်စေဖို ့မရှိမဖြစ်လိုအပ်တဲ့
ဗီတာမင်နဲ ့အာဟာရဓာတ်တေွ ၊ကလေးကြီးထွားဖို ့အတွက်လုံလောက်တဲ့ အာဟာရတေွရရှိစေပါတယ်။
ကလေးလေးကျန်းမာပြီး အာဟာရပြည့်ဖို ့ဆိုတာ မေမေလဲ အစားအသောက်တေွကို မရေှာင်ပဲ စုံအောင်စားမှဖြစ်မှာပါနော်။
မိခင်နို ့ဟာအစာကြေလွယ်တာမို ့ကလေးဆာတိုင်းတိုက်နိုင်ပါတယ်။
၆လပြည့်ပြီးတဲ့နောက်~
ကလေးလေးကို ၆လပြည့်တဲ့အခါ ဖြည့်စွက်စာကျေွးသင့်ပါပြီနော်။
ဖြည့်စွက်စာ စလုပ်တဲ့အခါမှာ ကလေးအတွက် ၀ါစိမ်းနီနဲ ့ အသားဓာတ်ကိုစုံလင်အောင်ကျေွးရပါမယ်။
ကလေးရဲ ့အစားအစာလေးတေွကို ပျော့ပြီးကြေနေစေမှ ကလေးကို စားရတာလွယ်ကူစေပါတယ်။
ဒီလိုကြေလွယ်၊၀ါးလွယ်တဲ့ အစားလေးတေွကို Puree လို ့ခေါ်ပါတယ်။
အစာနဲ ့စတင်မိတ်ဆက်တဲ့အခါကလေးကြိုက်လားဆိုတာသိဖို ့ တစ်မျိုးကို ၃ရက်ဆက်တိုက်စမ်းကျေွးသင့်ပါတယ်။
၅နှစ်ပြည့်ပြီးတဲ့ကလေးတေွ~
ကလေးအသက်၅နှစ်မှာ အစာအိမ်ကလဲ အရင်ကထက်ပိုပြီးဖွံ ့ဖြိုးလာတာမို ့အစာတေွကို အရင်ကထက်ပိုပြီးစားလာကြပါတယ်။
ကလေးစားတဲ့အစာမှာ ခန္ဓာကိုယ်ဖွံ ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမယ့် အာဟာရဓာတ်တေွ ပိုများများပါရပါမယ်နော်။
ဒီအရွယ်အတွက် ပရိုတင်းဓာတ်များများပါတဲ့ အသား ၊ငါး၊ ဗီတာမင်နဲ ့သတ္တုဓာတ်များတဲ့အစားအစာတေွ ၊ဟင်းသီးဟင်းရွက်တေွနဲ ့သစ်သီးတေွကျေွးသင့်ပါတယ်နော်။
ကလေးရဲ ့ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တေွကတော့ ပရိုတင်းဓာတ် ၊သံဓာတ် ၊ ကယ်လ်စီယမ်ဓာတ် ၊အိုင်အိုဒင်းဓာတ်နဲ ့ဗီတာမင်တေွပါ။
ကလေးကိုအဝလွန်တာတေွကိုကာကွယ်ဖို ့ဟင်းချက်တဲ့အခါ ဆီ ၊သကြားတေွကိုလေှျာ့သုံးပေးပါနော်။
အာဟာရပြည့်ဝစွာစားသုံးစေခြင်းဖြင့် ကလေးတေွကိုပြုစုပျိုးထောင်ကြပါစို ့.....
TZWMA(Kyarlay)