စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မေမေနဲ့ နာနတ်သီး

Posted by Zaw Lin Aung August 20, 2019
Crlsb9mxowu2ejfepwmh

ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေတေွ စိတ်ပူတတ်ကြတဲ့ အကြောင်းအရင်းတစ်ခုရှိပါတယ်။ဒါကတော့ ငါစားလိုက်ရင် ကလေးကိုများ ထိခိုက်သွားမလားဆိုတဲ့ အချက်ပါပဲ။ ဒီတစ်ခါမှာလည်း နာနတ်သီးကြိုက်ပေမယ့် ရင်သေွးလေးကို ထိခိုက်မှာစိုးလို့ တော်ရုံနဲ့ မစားရဲဘူးဖြစ်နေတဲ့ မေမေတို့အတွက် နာနတ်သီးနဲ့ပတ်သက်ပြီးတော့ ပြောပြပေးလိုက်ပါတယ်။

နာနတ်သီး
------------

နာနတ်သီးမှာ ဗီတာမင်နဲ့သတ္တုဓာတ်တေွ ကြွယ်ဝစွာ အများကြီးပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတေွကို ကျန်းမာစေနိုင်ပါတယ်။အဆီပါဝင်မှု နည်းပါးပြီး အမှျင်ဓာတ်နဲ့အာဟာရကြွယ်ဝစွာ ပါဝင်တယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကို အများကြီးမဟုတ်ရင်တောင် နည်းနည်းပါးပါးလောက် စားလို့ရပါတယ်။

Oh8haaj36olyhlctzpez

ဗီတာမင် C
------------

နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကို်ယ့်ခံအားကို တိုးစေနိုင်ပြီး ဆဲလ်တေွထိခိုက်ပျက်စီးတာကိုလည်း ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရဲ့ အသားအရေ၊ အရိုးနု အရိုးနဲ့အရွက်တေွ ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။တစ်နေ့ကို နာနတ်သီး တစ်ကွင်းစာလောက်တော့ စားလို့ရပါတယ်။

Okvtc4lw7mbmpuedynf1

ဗီတာမင် B1
--------------

နာနတ်သီးပါဝင်တဲ့ ဗီတာမင် B1ဟာ ကြွက်သား၊ အာရုံကြောစနစ်နဲ့နှလုံးကို အထူးကျန်းမာစေနိုင်ပါတယ်။

Dhq7vooo7ynquh6gldmb

ဗီတာမင် B6
-------------

နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်ကို အထူးအားပြည့်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတေွ၊ ဖျားနာတာတေွ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သေွးအားနည်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးတယ်။

Q6xxrnnuncftc2mz101m

ကော့ပါး
---------

နာနတ်သီးမှာ ပါဝင်တဲ့ ကော့ပါးဟာ ရင်သေွးလေးရဲ့နှလုံးဖွံ့ဖြိုးမှုအတွက် ကြီးမားတဲ့အထောက်အကူတေွ ပြုလုပ်ပေးရုံသာမက သေွးနီဥဆဲလ်တေွ ဖြစ်ပေးစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။

အမှျင်ဓာတ်
--------------

နာနတ်သီးမှာ အမှျင်ဓာတ်တေွ အများကြီးပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် မေမေတို့ ဝမ်းချုပ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။

Fjeeolrhsqkyos01zsmv

စိတ်ခံစားမှု အထူးကောင်းစေတယ်
--------------------------------------

နာနတ်သီးက စိတ်ကြည်လင် လန်းဆန်းစေနိုင်သလို စိတ်ခံစားမှုလည်း ကောင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်အားငယ်မှုတေွကို သိသိသာသာ သက်သာစေနိုင်မှာပါ။

Fguqjy0ovgjwgq46aplw

ပုံမှန်စားသုံးပေးသင့်တဲ့ ပမာဏ
----------------------------------

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်အနေနဲ့နာနတ်သီး စားမယ်ဆိုရင် အခုပြောတဲ့ ပမာဏအတိုင်း စားပေးလို့ရပါတယ်။
၁။ ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်အတွင်း လုံးဝမစားပါနဲ့။
၂။ ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ်အတွင်း တစ်ခါစားရင် ၅ဝဂရမ်ကနေ ၁ဝဝဂရမ်လောက် ပမာဏကို တစ်ပတ် ၂ကြိမ်ကနေ ၃ကြိမ်အထိ စားလို့ရပါတယ်။
၃။ ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အတွင်း တစ်ခါစားရင် နည်းနည်းချင်းစီနဲ့ တစ်ပတ်ကို ၂၅ဝ ဂရမ် စားပေးလို့ရပါတယ်။နာနတ်သီးက စိမ်းမနေဖို့နဲ့ အမှည့်လွန်မနေဖို့တော့ သတိထားရပါမယ်။
ကဲ မေမေတို့ရေ ဒါဆို အရသာရှိတဲ့နာနတ်သီးလေးကို စားရင်းနဲ့ ထူးခြားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတေွကို ကိုယ်တိုင်ခံစားလိုက်အုံးနော်။
#Ref(Hello - ကိုယ်ဝန်ဆောင်နဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)


အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.