လေယာဉ်နဲ ့ခရီးသွားတာဟာ မေမေလောင်းတို ့အတွက် အချိန်ကုန်သက်သာပြီး ခရီးကိုလွယ်လွယ်ကူကူနဲ ့ရောက်ရှိစေနိုင်ပါတယ်။
ကို်ယ်ဝန်ဆောင်တေွ လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ သိသင့်တာတေွကိုဖော်ပြပေးချင်ပါတယ်။
လေယာဉ်နဲ ့ခရီးသွားရင် ရင်သေွးလေးအတွက် ဘာတေွှဖစ်နိုင်မလဲ?
ကျန်းမာသန်စွမ်းတဲ့ပုံမှန်မိခင်တေွမှာ စိုးရိမ်စရာမရှိပါဘူး။လေယာဉ်မူးတတ်တဲ့ မေမေတေွကတော့ ပိုပြီးခံစားရမှာပါ။
လေထုဖိအားပြောင်းလဲမှုကြောင့် နားအူတာ ၊နားပိတ်တာတေွှဖစ်နိုင်ပါတယ်။
ဒါဟာဗိုက်ထဲက ကလေးလေးကို ဆိုးဆိုးဝါးဝါးမထိခိုက်စေပါဘူး။
လေယာဉ်စီးတာကြောင့် ကိုယ်ဝန်ပျက်ကျတာ ၊ ကလေးလမစေ့ပဲမေွးတာနဲ ့ရေမွှာပေါက်တာတေွမဖြစ်ပါဘူးနော်။
မေမေ သတိထားဖို ့~
လေယာဉ်အချိန်ကြာတဲ့အခါ မေမေဗိုက်အတွက် ခြေထောက်သေွးကျတာဖြစ်ပါတယ်။
ကြာကြာထိုင်ရတဲ့ အခါ သားအိမ်ကလာတဲ့ သေွးကြောကိုဖိထားတဲ့အတွက် မေမေ့နှလုံးဆီကိုသေွးအပြည့်အဝပြန်မရောက်နိုင်တာမို ့သေွးကျတာပါ။
ဘယ္လို၀တ္ဆင္မွာလဲ?
မေမေဗိုက်အတွက် လွတ်လပ်ပြီး ပေါ့ပါးစေမယ့်အဝတ်နဲ ့ဖိနပ်ကိုသာဝတ်ဆင်ပါ။
လေယာဉ်ပေါ်မှာ လမ်းခဏ၊ ခဏထွက်လေှျာက်ပေးပါ။
ခြေထောက်အတွက် ဖြေဖမိုးကိုကော့လိုက် ဆန် ့လိုက်ဖြစ်စေတဲ့ လေ့ကျင့်ခန်းလေးလုပ်ပေးပါ။
လေယာဉ်ခါးပတ်ကိုလဲ ပုံမှန်လူတေွလိုပဲပတ်ထားရပါမယ်။
ကို်ယ်ဝန်ဘယ်နှလအထိ လေယာဉ်စီးလို ့ရမလဲ?
ကျန်းမာ၊ သန်စွမ်းတဲ့မေမေဗိုက်တေွက ကိုယ်ဝန် ၃ရ ပါတ်အထိလေယာဉ်စီးလို ့ရပါတယ်။
ကိုယ်ဝန်၃ရ ပါတ်ကျော်ရင်တော့ အချိန်မရေွးဗိုက်နာနိုင်လို ့မစီးသင့်ပါဘူးနော်။
အမွှာကိုယ်ဝန်ဆောင်မေမေတေွကတော ့၃၂ပါတ်အထိပဲ လေယာဉ်စီးလို ့ရပါမယ်။
မေမေတို ့လေယာဉ်မစီးခင် ကိုယ့်ရဲ ့ကျန်းမာရေးကို ဆရာဝန်နဲ ့သေချာပြပြီးမှ သွားတာအကောင်းဆုံးပါပဲ။
လေကြောင်းလိုင်းကိုလဲ ကိုယ်ဝန်နဲ ့စီးမယ့်အကြောင်း အသိပေးပါနော်။
အဆင်ပြေပြေနဲ ့ပျော်ရတဲ့ခရီးလေးဖြစ်ပါစေရှင်......
TZWMA(Kyarlay)