ကလေးငယ်များ အရပ်ရှည်ခြင်းကတော့ မျိုးရိုးဗီဇ နဲ့ သက်ဆိုင်ပြီးတော့ ခန္ဓာကိုယ် ဖွံ့ဖြိုးစေတဲ့ အစားအစာများကို ဖြည့်တင်းပေးရင်တော့ ကျန်းမာရေးနဲ့ပါ ညီညွတ်သော ကိုယ်ခန္ဓာကိုယ်ပါ ရရှိမှာဖြစ်ပါတယ်။ အထောက်အကူဖြစ်မယ့် အစားအစားများကို ဖေဖေ မေမေ တို့ပြင်ဆင်ပေးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ကလေးငယ်ကို ဥအမျိုးမျိုး ကျေွးပေးနိုင်ပါတယ်။ ဥမှာတော့ ပရိုတင်းဓာတ်အများအပြားပါ၀င်ပြီး ကျန်းမာသော ကြွက်သားများဖွဲ့စည်းဖို့နဲ့ သန်မာသော အရိုးများ ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဗီတာမင် D တို့ ပေါကြွယ်ဝစွာပါ၀င်ပါတယ်။ မနက်စောစောမှာ နို့တစ်ခွက်တိုက်ပေးခြင်းကလည်း ကလေးငယ်လေးကို လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ဖြည့်ဆည်းပေးနိုင်သောကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပေးမှာပါ။
ပဲပိစိကလည်း ကလေးငယ်ရဲ့နေ့စဉ်အစားအစာထဲမှာ ပါ၀င်သင့်ပါသေးတယ်။ အကြောင်းကတော့ ပဲပိစပ်မှာ အသားစား၍ ရသော ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်စွမ်းရှိပြီး သက်သက်လွတ်သမားများ အတွက်ပါ အထူးသင့်လျော်ပါတယ်။ အနီရောင်ရှိသောအသားများ ကလည်း ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါ၀င်ပြီးသေွးအားကောင်းစေသော သံဓာတ်ပါကြွယ်ဝတာကို တေွ့ရမှာပါ။
ကြက်သားနဲ့ ငါးဟာလည်း ပရိုတင်းဓာတ်ကြွယ်ဝပြီး ပြည့်ဝဆီမလွန်ကဲတဲ့အတွက်စားပေးသင့်ပါတယ်။ ပဲအမျိုးမျိုးဟာလည်း ပရိုတင်းဓာတ်ကြွယ်ဝပြီး ကယ်လစီယံဓာတ်ကြွယ်ဝစွာ ပါ၀င်သောကြောင့် ကလေးငယ်များ ဖွံ့ဖြိုးဖို့အတွက်သင့်လျော်ပါတယ်။ အစိမ်းရောင်သစ်ရွက်များကတော့ စားသုံးထားသော အစားအစာများမှ ပရိုတင်းဓာတ်နဲ့ ကယ်လဆီယမ်ဓာတ်ကို စုပ်ယူရန် ဗီတာမင် K ဓာတ်ကိုထုတ်ပေးတဲ့ အတွက် မဖြစ်မနေ စားပေးရပါမယ်။
သစ်စေ့များဟာလည်း ပရိုတင်းဓာတ်နဲ့ ကယ်လစီယမ်ဓာတ် ကြွယ်ဝစွာပါ၀င်ပြီး တချို့အစေ့အဆံများမှာတော့ အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေသော မန်းဂနီဆီယယမ်ဓာတ် ကြွယ်ဝစွာပါ၀င်သောကြောင့် ကလေးငယ်လေးများကို ကျေွးပေးသင့်ပါတယ်။
MiGi