ကိုယ်ဝန်သည်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ကိုယ်လက်မအီမသာဖြစ်ခြင်းများ ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ နေရထိုင်ရအဆင်မပြေမှုတွေနဲ့ လက္ခဏာမျိုးစုံကို ခံစားနေရတတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်တတ်သောလက္ခဏာများကတော့
1. သွားဖုံးမှ သွေးထွက်ခြင်း
2. အားအင်ကုန်ခမ်းပြီး မူးမေ့တတ်ခြင်း
3. ကြွက်တတ်ခြင်း
4. ခါးနာခြင်း
5. ဝမ်းချုပ်ခြင်း၊
6. လိပ်ခေါင်းထွက်ခြင်း၊
7. အဖြူဆင်းခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။
သွားဖုံးမှ သွေးထွက်ခြင်း
********************
အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်းများ ပြုလုပ်ပေးပါ။
ကိုယ်ဝန်ဆောင်ချိန်တွင် အမျိုးသမီးများသည် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွားအောက်ခြေတွင် သွားကျောက်များတည်လာပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သွားခံတွင်းဆရာဝန်များနှင့် အနည်းဆုံး ၂ကြိမ်ခန့် ပြသင့်ပါတယ်။
အားအင်ကုန်ခမ်းပြီး မူးမေ့တတ်ခြင်း
**************************
ကိုယ်ဝန်ဆောင်များသည်ထိုင်ရာမှ ရုတ်တရက်ထလိုက်တဲ့အချိန်မှာ ဦးနှောက်ထဲသို့ သွေးလုံလောက်စွာမရရှိဘဲ မူးမေ့သွားတတ်ကြပါတယ်။
ဒီလိုဖြစ်ရခြင်းဟာ အစားအသောက်ပျက်ပြီး၊ စားချိန်မမှန်ခြင်းကြောင့် အားအင်ကုန်ခမ်းတတ်ပါတယ်။
အာဟာရပြည့်ဝသော အစားအစာများစားပေးခြင်းနှင့်၊
ဗီတာမင်နှင့် သံဓာတ်အားတိုးဆေးပါသည့် ကိုယ်ဝန်ဆောင်အားဆေးများကို နေ့စဉ်သောက်ရပါမည်။
ကြွက်တတ်ခြင်း
*************
ကြွက်တတ်ပါက ခြေချောင်းများကို အပေါ်နှင့် ခြေဖနောင့်ဘက်သို့ဆွဲမပြီး ကြွက်သားကိုဖိပွတ်ပေးရပါမည်။
လေ့ကျင့်ခန်းပြုလုပ်ပေးရင်လည်း ကြွက်တတ်ခြင်းကင်းဝေးစေပါတယ်။
ခါးနာခြင်း
********
ခါးနာတတ်တာကတော့ မိခင်၏၀မ်းဗိုက်ထဲတွင် ကလေး၏ကိုယ်အလေးချိန်ကို လွယ်ထားရခြင်းကြောင့် ခါးနားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တို့အနေနှင့် ပစ္စည်းအလေးမခြင်း၊ ဖိနပ်အမြင့်စီးခြင်း၊ ပစ္စည်းများကို ကုန်းကောက်ခြင်း၊ တို့မပြုလုပ်ရပါ။ ကြာကြာရပ် ကြာကြာထိုင်၊ ပက်လက်မအိပ်ပါနှင့် ပေါင်ကြားထဲ ဖက်လုံးတစ်ခုခုခံထားပါ။ လေ့ကျင့်ခန်းလုပ်ပါ။
၀မ်းချုပ်ခြင်း
*********
ကိုယ်ဝန်ဆောင်စဉ်မှာ ၀မ်းချုပ်တတ်ကြပါတယ်။ ၀မ်းမှန်စေတဲ့ အစားအသောက်များကို စားသောက်ပေးပါ။ လှုပ်ရှားမှုမရှိရင်၊ ရေသောက်နည်းရင်၊ အမျှင်စားသုံးမှုနည်းရင် ၀မ်းချုပ်တတ်ပါတယ်။ ၀မ်းပျော့ဆေး သောက်၍ရပါတယ်၊ ၀မ်းနုတ်ဆေးတော့ မစားသင့်ပါဘူး။
လိပ်ခေါင်းထွက်ခြင်း
****************
ကိုယ်ဝန်ဆောင်ချိန်တွင် စအိုနားတစ်ဝိုက်ရှိသော သွေးပြန်ကြောများထုံးသွားတတ်ပါတယ်။ယားယံမှုများဖြစ်ပေါ်ပြီး နေရထိုင်ရခက်ကာ စအိုမှအလွယ်တကူသွေးထွက်လာတတ်ပါတယ်။
ကိုယ်ဝန်ဆောင်များအနေဖြင့် လိပ်ခေါင်းမဖြစ်စေရန် ရေများများသောက်ခြင်း၊
အမျှင်များသော အစာများကိုစားရပါမည်။
အဖြူဆင်းခြင်းများ
**************
အဖြူဆင်းတာဟာ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်တာ သဘာဝပါ။
အဖြူဆင်းခြင်း ယားယံခြင်းများ၊ အနံ့ဆိုးများထွက်ပါက သားဖွားမီးယပ်များကို ပြသပေးပါ။
နောက်ပြီး ကိုယ်ရောစိတ်ပါ အနားယူခြင်း၊ စိတ်ဖိစီးမှုရှောင်ကြဉ်ခြင်း၊ သင့်တော်သော လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းများ၊ စိတ်ချမ်းသာစွာ နေထိုင်ပါလို့ အကြံပြုလိုက်ပါတယ်နော်။
San Su Kyi Naing