
ကလေးငယ်များမှာ အိုမီဂါ 3 အက်စစ် ချို့တဲ့တယ့်အခါ နှလုံးရောဂါ၊ စိတ်ညှိုးနွမ်းခြင်း၊အရေပြားပြဿနာများ၊ မှတ်ဉာဏ် ဆုံးရှံူးခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊အဝလွန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့အတွက် အိုမီဂါ 3 က ကလေးငယ်ရဲ့ အထေွထေွကျန်းမာရေးတွက် အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

ထို့အတွက် မေမေဖေဖေ တို့က ကလေးငယ်တို့ ရဲ့ အိုမီဂါ 3 ဓာတ်ကို ဖြည့်တင်းပေးဖို့ အိုမီဂါ 3 ဓာတ်ကြွယ်ဝတဲ့ ငါးကြီးဆီ နဲ့ အခြားငါးများဖြစ်တဲ့ ဆော်လမွန်၊ တူနာ၊ငါးသေတ္တာ၊ ငါးသလောက်၊ ရေချိုငါးတို့ကိုကျေွးပေးဖို့လိုအပ်ပါတယ်။ ရေနေ ပုစွန်၊ ခရု၊ကမာ၊တို့မှာလည်း အိုမီဂါ 3 ဓာတ်ကြွယ်ဝတာကိုတေွ့ရမှာပါ။

ငါးနှင့်ဓာတ်မတည့်သောကလေးငယ်များ နဲ့ သက်သက်လွတ်စားသူများအနေနဲ့ ကတော့ ချွင်းချက်အနေနဲ့ သစ်ချသီး၊ နဲ့ ပဲပိစပ်တို့ကိုလည်းကျေွးပေးနိုင်ပါသေးတယ်။ အိုမီဂါ 3 လိုအပ်ချက်များကတော့ အသက် ၁၂ လ အထိကတော့ 0.5 ဂရမ်နေစဉ်လိုအပ်ပြီး ၁ နှစ်မှ ၃ နှစ်အတွက် 0.7 ဂရမ်၊ ၄ နှစ်မှ ၈နှစ်အထိ 0.9 ဂရမ်၊ ၉နှစ်မှ ၁၃ နှစ်အထိ 1.2 ဂရမ်၊ ၁၄ နှစ်မှ ၁၈နှစ်အထိ 1.6 ဂရမ် အသီးသီး လိုအပ်ကြပါတယ်။

ငါးကိုနေ့စဉ်စားပေးခြင်းဖြင့် ကောင်းမွန်သော ကောလစထရော ပမာဏက်ိုတိုးတက်စေပြီး သေွး အတွင်း အဆီများကိုလေှျာ့ချပေးပါတယ်။ ငါးမစားသော သူများကတော့ ခန္ဓာကိုယ်အတွင်းမှာ အိုမီဂါ 3 ပမာဏကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ ငါးမစားသုံးသူနဲ့ စားသုံးသူမှာ ငါးစားသုံးသူရဲ့ အသားအရည်ဟာ နေရောင်ခြည်ဒဏ်ကို ပိုမို ခံနိုင်ရည်ရှိတာကို တေွ့ရပါသေးတယ်။

ငါးအစားများ၍ အိုမီဂါ 3 လွန်ကဲသူများအနေနဲ့ ကလည်း အော့အန်ခြင်းဝေဒနာ ခံစားရတတ်ပြီး အစာချေဖျက်ရန် ခက်ခဲခြင်း၊ ဖြစ်ခဲသော သေွးယိုခြင်းတို့ဖြစ်တတ်ပါတယ်။ထို့အတွက် ဖေဖေ မေမေ တို့က ကလေးငယ်များ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဉာဏ်ရည်မြင့်မားတိုးတက်ဖို့အတွက် ငါးများကို ပြင်ဆင်ပေးရမယ်နော်။
MiGi