စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးတေွကို ဘယ်အရွယ်မှာ သွားစတိုက်ကြမလဲ?

Posted by Thinzar Win Myint Aung August 20, 2019
Jq8hbashx3cfbgfb1qja

ကလေးရဲ ့သွားလေးတေွဆိုတာ အစာကောင်းကောင်းစားနို်င်ဖို ့စကားပီပီသသပြောနိုင်ဖို ့အတွက် အထောက်အပံ့ပေးတဲ့အရာလေးတေွပါ။
လူကြီးသွားပေါက်တဲ့အချိန်မှာလဲ အချိန်မှန် ၊နေရာမှန် ပေါက်စေနို်င်ဖို ့မေးရိုးကို ထိန်းပေးထားတာကြောင့် သွားလေးတေွကိုသေချာဂရုစိုက်သင့်ပါတယ်။

ဘယ်လိုထိန်းသိမ်းကြမလဲ?

Xlatuv5ndcfyudlrsx6h

နေ ့စဉ်သွားတိုက်ပေးတာနဲ ့ကလေးရဲ ့သွားလေးတေွဟာ သန် ့ရှင်းကျန်းမာနိုင်ပါတယ်။
ဒါပေမယ့် ဘယ်အရွယ်မှာ စပြီးသွားတိုက်သင့်သလဲဆိုတာ မိဘတေွမသိကြပါဘူး။
ကလေးသွားဆရာဝန်တေွကတော့ ကလေးတေွကိုသွားမပေါက်ခင်ကတည်းက သွားစတိုက်ပေးဖို ့လိုတယ်လို ့အကြံပြုထားကြပါတယ်။

ဘယ်လိုစပြီးတိုက်ပေးမလဲ?

Ed9vzczhhfvi9buguens

ကလေးတေွဟာ ၆လသားအရွယ်လောက်မှာ သွားလေးတေွစထွက်လာကြပါတယ်။
သွားပေါက်ချိန်မှာ သွားဖုံးတေွသန် ့ရှင်းမှု မရှိရင် သွားလေးတေွရဲ ့ကြံ့ခိုင်မှုကိုလျော့နည်းစေပါတယ်။
ကြံ့ခိုင်မှုမရှိတဲ့သွားဟာ အရောင်မလှတာ ၊ သွားပိုးစားလွယ်တာ ၊ အချိန်မတိုင်ခင် သွားကျိုးတာတေွကို ဖြစ်စေပါတယ်။
ကလေးအသက်၅လကျော်ကတည်းကစပြီး သွားတိုက်ပေးလို ့ရပါပြီ။
သွားတိုက်ပေးရာမှာလဲ ရေနေွးနေွးလေးရယ်၊ သန် ့ရှင်းတဲ့ဂွမ်းစလေးရယ်နဲ ့သွားဖုံးလေးတစ်လေှျာက်သေချာပွတ်ပေးပါ။

သြားတိုက္တံကိုဘယ္အခ်ိန္သံုးမွာလဲ?

J6vtvzkupmonkzve08rx

ကလေးရဲ ့အောက်သွား၂ချောင်းပြီပြီ ပြင်ပြင်ထွက်လာပြီဆိုတာနဲ ့သွားတိုက်တံကိုသုံးပေးသင့်ပါပြီ။
သွားဖုံးလေးတေွဟာ နူးညံ့တာမို ့သွားတိုက်တံလေးတေွကိုရေွးချယ်တတ်ရပါမယ်။
သွားတိုက်တံဟာ အလွန်နူးညံ့ရပါမယ်၊ သွားတိုက်တံရဲ ့ခေါင်းဟာ ကလေးပါးစပ်နဲ ့အနေတော်ဖြစ်ရပါမယ် ၊ လက်ကိုင်ကလဲကြီးရပါမယ်။

သွားတိုက်နည်း~

Danmhhw3kq7itwhaqmgo

ကလေးလေးကိုသွားတိုက်ပေးတဲ့အခါ ညင်ညင်သာသာလေးနဲ ့အပေါ်အောက် ရေွ ့လျားပြီးတိုက်ပေးပါ။
သားသား ၊မီးမီးတို ့အသက် ၁နှစ်ခွဲရောက်တဲ့အခါမှာတော့ ရေကိုငုံတတ် ၊ထေွးတတ်ပြီမို ့သွားတိုက်ဆေးပါးပါးလေးထည့်ပြီးတိုက်ပေးသင့်ပါပြီ။
၃နှစ်ကျော်ပြီဆိုရင်တော့ သွားတိုက်ဆေးကို ပဲစေ့ခြမ်းပမာဏလောက်ထည့်ပေးပါနော်။
ကလေးတေွသွားတိုက်တဲ့အခါ မေမေတို ့ကဘေးမှာစောင့်ကြည့်နေဖို ့တော့လိုပါမယ်ရှင်........

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.