
မိုးတွင်းကာလမှာ ကလေးငယ်များမှာ အဖြစ်များတဲ့ရောဂါကတော့ ဝဲရောဂါဖြစ်ပါတယ်။ ဝဲရောဂါ မှာ ဝဲစိုနဲ့ ဝဲခြောက်ဆိုပြီး ၂ မျိုးရှိပါတယ်။ ဝဲစို ကတော့ အရေပြားယားယံတာကို ကုတ်တာကနေ ပိုးဝင်ပြီး ပြည်တည်နာ အရည်တစိုစို ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဝဲခြောက်ကတော့ ခြောက်သေွ့ပြီး ပိုမို ယားယံပါတယ်။

ဝဲရောဂါဟာ တစ်ဦးမှတစ်ဦး အလျင်အမြန် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီးတော့ အိမ်သားတစ်ဦး ဖြစ်လှျင် တစ်မိသားစုလုံး ကူးစက်နိုင်ပါတယ်။ ကုသရာမှာတော့ ဖြစ်နေသူတိုင်း ကုသရမှာ ဖြစ်ပြီး မကူးစက်သေးသူများကတော့ ကြိုတင်ကာကွယ်ရမှာဖြစ်ပါတယ်။ ကုသရာမှာလည်း ဝဲဆေးမလိမ်းမီ ဝဲကူးစက်သူဟာ ရေအရင်ချိုးရပါမယ်။ရေချိုးရင်လည်း ဆပ်ပြာတိုက်ရပါမယ် ။ ရေစင်ကြယ်အောက်သုတ်ပြီး ဆေးကို အသားထဲစိမ့်ဝင်အောင်အသေအချာလိမ်းပေးရပါမယ်။ ဆေးအရောင်ပျောက်သွားပြီးအသားအရောင်ပေါ်သည်အထိ လိမ်းပေးရမှာဖြစ်ပြီး တနေ့အနည်းဆုံး ၄ ကြိမ်လိမ်းပေးရမှာဖြစ်ပါတယ်။

အဝတ်အစားများကိုလည်း ရေနေွးနဲ့ သေချာ ပြုတ်လေှျာ်ရမှာဖြစ်ပြီး ဆေးကိုလည်း ၃ ရက်ဆက်တိုက် ဇက်တိုက်လိမ်းရမှာဖြစ်ပါတယ်။ ၃ ရက်မှ တစ်ခါရေချိုးပါ။ ၀ဲရောဂါ ဖြစ်ပွားနေတဲ့ နေရာကို ဆေးအမြဲထိတေွ့ စေလို၍ ဖြစ်ပါတယ်။ ပူအိုက်လွန်း၍ မနေနိုင်ပါကလည်း ရေချိုးပြီး ဆေးကိုသေချာပြန်လိမ်းရပါမယ်။ ထိုအတိုင်း ၃ ရက်တစ်ခါ ရေချိုး ဆေးပြန်လိမ်းခြင်းကို ၂ ပတ်မှ ၃ ပတ်အထိလုပ်ပေးရမှာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းအတွက်တော့ ဝဲဖြစ်လေ့ဖြစ်ထရှိသော ခြေကြားလက်ကြားများကို ဆေးကြိုလိမ်းထားရပါမယ်။ မဖြစ်သေးသူအတွက် အရေးအကြီးဆုံးအချက်ကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပဲဖြစ်ပါတယ်။ ၀ဲရောဂါပျောက်သွားသော်လည်း အရေပြားယားယံနေတတ်သေးတာကိုတေွ့ရမှာပါ။ ယားယံရခြင်းအကြောင်းကတော့ ဓာတ်မတည့်သော ဓာတ်တုံပြန်မှုပဲဖြစ်ပါတယ်။

ဝဲရောဂါကို အသေအချာမကုသပါက ကျောက်ကပ်ရောင်ရောဂါ အထိဖြစ်နိုင်ပါတယ်။အရေး အကြီးဆုံးကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးဖြစ်ပါတယ်။ အသုံးအဆောင် ပစ္စည်းများကို သီးသန့် အသုံးပြုဖို့လိုအပ်ပြီး ၀ဲရောဂါရှိသူနဲ့ ထိမိလှျင် ထိမိတဲ့နေရာကို ဆပ်ပြာနဲ့ သေချာဆေးပေးဖို့ လိုအပ်ပါတယ်။ ဆေးမြီးတိုနှင့် မကုသရပါဘူး၊ အလိုလိုမပျောက်ကင်းတဲ့အတွက် ဆေးသေချာကုပေးရပါမယ်။
MiGi