မေမေတို့ရေ သားသားမီးမီးတို့ ငယ်ရွယ်စဉ်မှာ ခန္ဓာကိုယ်သန့်ရှင်းရေးအတွက် မေမေတို့က ဂရုစိုက်ပေးဖို့လိုပါတယ်။ ညင်သာစွာသန့်စင်မှုအပြင် ကလေးငယ်တေွအတွက် ထိခိုက်မှုမရှိစေဖို့ကိုလည်း သတိထားရပါမယ်။ ငယ်ရွယ်တဲ့ကလေးငယ်လေးတေွဟာ နုနယ်လွန်းတာကြောင့် ကိုင်တွယ်သန့်ရှင်းရေးပြုလုပ်ပေးမှုတေွမှာ အရမ်းကို ဂရုစိုက်ပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ ငယ်ရွယ်တဲ့ သားသားမီးမီးလေးတေွကို လက်သည်းညှပ်ပေးဖို့ကလည်း အရေးကြီးပါတယ်နော်။ ကလေးတေွက လက်လေးတေွးနဲ့မျက်နှာလေးတေွပေါ်ကိုင်တွယ်ပြီး ဆွဲတာမျိုးတေွလုပ်တတ်ကြပါတယ်။ အဲ့ဒီအခါ လက်သည်းလေးတေွရှည်နေရင် မျက်နှာတေွမှာကုပ်ခြစ်မိတာ မျက်လုံးတေွပေါ်ထိုးမိပြီး ထိခိုက်တတ်တာမျိုးတေွရှိလို့ လက်သည်းညှပ်ပေးဖို့လိုပါတယ်။ လက်သည်းညှပ်ပေးတဲ့အခါမှာတော့ ကတ်ကြေးလေးကို အသုံးပြုတာပိုကောင်းပါတယ်နော်။
မေမေတို့ရေ ချက်ကြေွစကလေးငယ်တေွ၊ ချက်မကြေွသေးတဲ့ ကလေးငယ်လေးတေွကို ဒိုက်ဗာဝတ်ဆင်ပေးရာမှာလည်း အရမ်းကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ပုံလေးမှာပြထားသလို ချက်ကိုအုပ်ပြီးဒိုက်ဗာလေးဝတ်မပေးဘဲ ချက်အောက်ကနေ ဒိုက်ဗာလေးကို ၀တ်ပေးမှအဆင်ပြေမှာပါနော်။
မေမေတို့ရေ ကလေးငယ်လေးတေွ ကျင်ကြီး၊ ကျင်ငယ်စွန့်ပြီးချိန်မှာသာမကဘဲ ခန္ဓာကိုယ်သန့်ရှင်းရေးပြုလုပ်ပေးချိန်မှာလည်း အဲ့ဒီနေရာတေွကို သန့်စင်ပေးဖို့လိုပါတယ်နော်။ ဂွမ်းလုံးလေးကို ရေစွပ်ပြီး စနစ်တကျနဲ့ ကြားတေွထဲပါမကျန်အောင် သန့်စင်ပေးရမှာပါနော်။ ကလေးငယ်တေွရဲ့ သန့်ရှင်းရေးက သူတို့ရဲ့ကျန်းမာရေးနဲ့ဆက်စပ်နေတာမို့ ဂရုစိုက်ပေးဖို့လိုပါတယ်နော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)