
ကလေးတေွရဲ ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ ့ဖြိုးဖို ့အတွက် နေ ့စဉ်ကစားနည်းတေွလိုအပ်ပါတယ်။
ကြိုးခုန်ခြင်းဟာ ကလေးတေွအတွက် ကိုယ်ခန္ဓာကို အကျိုးပြုတဲ့အပြင် ကျန်းမာရေးကိုလဲ အထူးကောင်းမွန်စေပါတယ်။
ဘယ်လို ကောင်းကျိုးတေွပေးလဲဆိုတာ ဆက်လေ့လာကြရအောင်....
ကောင်းကျိုးတေွကဘာလဲ?

မေမေတို ့ရဲ ့ကလေးလေးကို အားကစားတစ်ခုခုစလုပ်စေချင်တယ်ဆိုရင် ကြိုးခုန်တာကနေစသင့်ပါတယ်။
ကြိုးခုန်တာဟာ ကိုယ်ခံအားကိုမြင့်တက်စေပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းလွယ်စေပါတယ်။
အသင်းအဖွဲ ့လိုက် လူများများနဲ ့ကစားရတာမို ့ကလေးကိုလဲ လူမှုဆက်ဆံရေး ပိုကောင်းစေပါတယ်။
ကြိုးခုန်တဲ့အခါ နှလုံးခုန်နှုန်းနဲ ့စွမ်းအင်တေွကိုပိုထက်မြက်စေတဲ့ အဒရင်နလင် ဂလင်းတေွထွက်လာစေပါတယ်။
ဒီဓာတ်ဟာ ကလေးရဲ ့ဉာဏ်ရည်ကိုပိုကောင်းစေတာပါ။

ကြိုးခုန်တဲ ့ကစားနည်းဟာ ကလေးတေွရဲ ့ကြွက်သားတေွကိုသန်မာစေသလို ခန္ဓာကိုယ်ကိုလဲ ကျစ်လျစ်စေပါတယ်။
ကစားတဲ့အခါ ကလေးရဲ ့လက်မောင်း ၊ ၀မ်းဗိုက်ကြွက်သားတေွနဲ ့ခြေထောက်တေွကိုသန်မာစေပြီး ဒူးခေါင်းရဲ ့အဆစ်ကိုလဲ အရမ်းကောင်းစေတာပါ။
ကြိုးခုန်လိုက်တဲ့အခါ ကလေးတေွရဲ ့ကိုယ်ထဲက ကိုလက်စတရောတေွကို ခြေဖျက်ပေးစေပါတယ်။
ကလေးတေွကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရစေတဲ့အပြင် ကျောင်းမှာလဲ သူများကိုအနိုင်ကျင့်တာတေွ ပျောက်စေပါတယ်။
ပျော်စရာကစားနည်းတစ်ခုပါပဲ~

ကြိုးခုန်ကစားနည်းဟာ ခုန်ဖို ့အတွက် လွယ်ကူစေမယ့် ကြိုးအရှည်တစ်ခုကို တစ်ဖက်ဆီမှာ ကလေးငယ်တစ်ယောက်ဆီကိုင်ထားပြီး ကစားရတာပါ။
ကြိုးကိုကိုင်ထားတဲ့ ကလေးငယ်၂ယောက်က ကြိုးစကိုလွှဲပေးပြီး ကျန်တဲ့ကလေးငယ်တေွက တစ်ယောက်ပြီးတစ်ယောက်ခုန်ရတာပါ။
ကလေးငယ်တေွကို အချင်းချင်းပိုပြီးရင်းနှီးစေတာမို ့အရမ်းကိုပျော်ဖို ့ကောင်းတဲ့ကစားနည်းပါပဲ။
ကလေးငယ်တေွ ဖုန်းကို တစ်ချိန်လုံးသုံးနေတာထက်စာရင် ခုန်ပေါက်ပြေးလွှားဆော့ကစားတာက ကျန်းမာရေးအတွက် ပိုသင့်တော်တာမို ့
မေမေတို ့ကလဲ ကလေးငယ်ကို တစ်စေ့တစ်စောင်း ကူညီအားပေးသင့်ပါတယ်နော်.....
TZWMA(Kyarlay)