
ကလေးငယ်လေးဟာ မေွးကင်းစ ကတည်းက မြင်ရ ကြားရ ခံစားရသမှျကို လက်ခံယူနေသလို လေးဘက်ထောက်အရွယ်မှာလည်း ပတ်ဝန်းကျင်ကို လေ့လာရင်းသင်ယူနေကြပါတယ်။ ကလေးငယ်လေး အရွယ်ရ လာလို့ ကျောင်းသွားရမယ့်အချိန်မှာ မေမေတို့ အနေနဲ့ ကလေးငယ်ရဲ့ တနေ့တာဖြတ်သန်းဖို့ အားအင်နဲ့ ကလေးငယ် ဖွံ့ဖြိုးဖို့အတွက် အစားအစာများကိုပြင်ဆင်ပေးရမှာပါ၊

မေမေများ အစားအစာ ပြင်ဆင်ပေးရာမှာ ကလေးငယ်များ ဉာဏ်ရည်ထက်မြက်မှုကို အားပေးတဲ့ အစားအစာများကို လုပ်ဆောင်ပေးနိုင်ဖို့ အစားအစာတို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။ပထမဆုံးအနေနဲ့ ကတော့ ကလေးငယ်များကို အစိမ်းရောင်ရှိသော အသီးအရွက်များကို ကျေွးရပါမယ်၊။အသီးအရွက်များမှာ ကြွယ်ဝတဲ့ ဖောလိတ်နဲ့ ဗီတာမင်ဓာတ်များစွာ ပါ၀င်ပြီး ကလေးငယ်ရဲ့ဦးနေှာက်ဖွံ့ဖြိုးမှုအတွက်ကောင်းပါတယ်။

နောက်တမျိုးကတော့ ဒိန်ချဉ်ဖြစ်ပါတယ်။ဒိန်ချဉ်မှာ ဗီတာမင် B နဲ့ အသားဓာတ်ကြွယ်ဝစွာ ပါ၀င်ပြီး ဦးနေှာက် တစ်သှျူးများ ကြီးထွားခြင်းအတွက် ကောင်းမွန်ပါတယ်ဥအမျိုးမျိုးဟာလည်းမေ့ထားလို့မရပါဘူး။ဥအမျိုးမျိုးဟာအသားဓာတ်ကြွယ်ဝစွာပါဝင်ရုံသာမက ဦးနေှာက် လုပ်ဆောင်မှုများနဲ့ ဖွံ့ဖြိုးမှုအတွက် ကိုလင်းဓာတ် လုံလောက်စွာပါ၀င်ပါတယ်။

ငါးထဲမှာတော့ ဆော်လမွန်၊ တူနာ နဲ့ ငါးသေတ္တာတို့ဟာ အိုမီဂါ 3 ဗီတာမင် D ဓာတ်ကြွယ်ဝစွာ ပါ၀င်တဲ့အတွက် မှတ်ဉာဏ်ဆုံးရှံူးခြင်းနဲ့ အသက်အရွယ်နဲ့ ဆိုင်တဲ့ မှတ်ဉာဏ်ငြင်းဆန်ခြင်း တို့ကို ကာကွယ်ပေးပါတယ်။ ဗိုလ်စားပဲဟာလည်း မှတ်ဉာဏ်အားကို ကောင်းမွန်စေပြီး စိတ်ကစဉ့်ကလျားဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သစ်စေ့များကျေွးပေးခြင်းကလည်း ကလေးငယ်ရဲ့ အာရုံကြောစနစ် ကျန်းမာပြီး ကောင်းမွန်စွာ လုပ်ဆောင်နေဖို့ အတွက် ကောင်းမွန်စေပါတယ်။ ပန်းသီးမှာလည်း ကလေးငယ်ရဲ့ သိမှုစွမ်းရည်ဆန့်ကျင်တဲ့ အန်တီအောက်စီးဒန့် ပါ၀င်တဲ့အတွက် ကလေးငယ်လေးကို ကျေွးဖို့သင့်တော်ပါတယ်။ သို့ပေမယ့်ပန်းသီးဟာ ပိုးသတ်ဆေး ကင်းစင်တဲ့ အော်ဂဲနစ်အသီးဆိုရင်တော့ပိုကောင်းမှာပါ။
MiGi