စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်ကာလမှာ ခရမ်းသီးစားသုံးခြင်းကို ရေှာင်ကြဉ်သင့်လား?

Posted by Htoo Yan Aung August 19, 2019
H9rcujgxpplxp8kbwb06

ဟင်းသီးဟင်းရွက် အမျိုးအစားတေွထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ခရမ်းသီးဟာ ကယ်လိုရီနည်းပါပြီး အာဟာရရှိတဲ့ အသီးအနှံတစ်မျိုးပါ။ ဒါပေမယ့် ခရမ်းသီးစားသုံးမှုနဲ့ ပတ်သတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တေွအကြားမှာတော့ အမြင်တေွအမျိုးမျိုး ကွဲပြားနေကြပါတယ်။ တစ်ချို့က အာဟာရဓာတ်တေွ ရရှိစေတာကြောင့် ခရမ်းသီးကို စားသုံးကြသလို တစ်ချို့ကတော့ ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိတယ်လို့ ယူဆကာ ရေှာင်ကြဉ်ကြပါတယ်။

Ttprprownov0lo0holi0

ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်တေွ ခရမ်းသီးစားသုံးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတေွကို ဖော်ပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သင့်တင့်တဲ့ ခရမ်းသီးပမာဏ စားသုံးခြင်းက အန္တရာယ်ကင်းပါတယ်။ သန္ဓေသားဖွ့ံဖြိုးမှုအတွက် အကျိုးရှိတဲ့ အမှျင်ဓာတ် ၊ ပိုတက်ဆီယမ်နဲ့ ဖောလစ်အက်ဆစ်တို့လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ခရမ်းသီးဟာ အပူစာတစ်မျိုးဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွကို ရင်ပူစေနိုင်ပါတယ်။

Qmjgnivunfna6js811sw

ခရမ်းသီးဟာ သန္ဓေသားအတွက် မှတ်ဉာဏ်စွမ်းရည် ၊ အာရုံကြောပိုင်းဆိုင်ရာနဲ့ မေွးရာပါရောဂါ ပါဝင်လာမှုတို့ကို လျောနည်းစေမှာ ဖြစ်ပါတယ်။ မိခင်လောင်းတေွအတွက်လည်း သေွးအတွင်းမှာရှိတဲ့ သကြားဓာတ်ကို ထိန်းညှိပေးမှာဖြစ်တာကြောင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး အစာခြေစနစ်ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးပါလိမ့်မယ်။ နောက်ဆုံး နှလုံးရောဂါဖြစ်ပွားနိုင်ချေနဲ့ ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

My62njaijoa3o7pamt6j

ဒါပေမယ့် ခရမ်းသီးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ လမစေ့ပဲ မီးဖွားစေနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းသီးဟာ နှုတ်ခမ်းတစ်ဝိုက် ယားယံခြင်း ၊ ခြေလက်များ နာကျင်ကိုက်ခဲခြင်း ၊ ဝမ်းလေှျာခြင်း ၊ အစာအိမ်နာကျင်မှုများနဲ့ ချောင်းဆိုးခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါသေးတယ်။ ခရမ်းသီးအစိမ်း ဒါမှမဟုတ် သေသေချာချာ ချက်ပြုတ်မထားတဲ့ ခရမ်းသီးဟင်းတစ်ခွက်ကို စားသုံးလိုက်တဲ့ အခါမှာလည်း ခန္ဓာကိုယ်တစ်ဝိုက် ယားနာများ ဖြစ်လာနိုင်ပြီး ဗိုက်အောင့်ဗိုက်နာ ဖြစ်စေမှာပါ။

Afr2gl7sq5kjwuyjbuwv

ခရမ်းသီးဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတေွအတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတေွ ဒွန်တွဲနေတာကြောင့် စားသုံးတဲ့အခါမှာ လတ်ဆတ်သန့်ရှင်းတဲ့ ခရမ်းသီးကို ရေွးချယ်ပြီး သေသေချာချာ ချက်ပြုတ်ကာ သင့်တော်တဲ့ ပမာဏလောက်သာ စားသုံးပေးသင့်ပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.