မေမေတို့ရေ ကလေးငယ်လေးတေွရဲ့ မျက်နှာနဲ့ဦးခေါင်းပိုင်းသန့်ရှင်းရေးအတွက် မေမေတို့က ပြုလုပ်ပေးသင့်တဲ့ သန့်ရှင်းရေးပြုလုပ်မှုနည်းလမ်းလေးတေွကို ကျားလေးကနေ မှျဝေပေးချင်ပါတယ်နော်။ ကလေးငယ်လေးတေွရဲ့ မျက်လုံး၊ နား၊ ပါးစပ်၊ ဦးခေါင်းတေွကို ဘယ်လိုပုံစံမျိုးနဲ့ သန့်စင်ပေးနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
မေမေတို့ရေ မျက်ဝန်းတစ်ဝိုက်သန့်စင်ဖို့အတွက် ရေနေွးနေွးလေးနဲ့ ဂွမ်းလုံးလေးလိုအပ်ပါတယ်။ ရေနေွးနေွးလေးထဲကို ဂွမ်းလုံးလေးနဲ့ စုပ်ယူပြီး ကလေးငယ်ရဲ့ မျက်ဝန်းတစ်ဝိုက်နဲ့ နှာခေါင်းလေးတစ်ဝိုက်၊ ပါးစပ်လေးတစ်ဝိုက်ကို ညင်သာစွာ သန့်စင်ပေးရမှာပါ။
နားသန့်စင်ဖို့အတွက်လည်း ဂွမ်းလုံးလေးနဲ့ သန့်စင်ပေးဖို့လိုပါတယ်နော်။ အချို့မေမေတေွက နားကြပ်ဂွမ်းနဲ့ နားအတွင်းပိုင်းကိုထိုးသွင်းပြီး သန့်စင်တတ်လို့ အဲ့ဒီလိုသန့်စင်မှုကို ရေှာင်ရှားသင့်ပါတယ်တဲ့မေမေတို့ရေ။
မေမေတို့ရေ ဦးခေါင်းလေးဘေဘီလေးတေွရဲ့ ဦးခေါင်းသန့်စင်ဖို့ဆိုရင်တော့ အနှီးလေး (ဒါမှမဟုတ်) ကလေးသုံးတဘက်လေးကို အသုံးပြုပြီး ညင်သာစွာ သန့်စင်ပေးနိုင်ပါတယ်။
မေမေတို့ရေ ကလေးငယ်လေးတေွရဲ့ ခံတွင်းသန့်ရှင်းရေးအတွက်ကတော့ အဝတ်သန့်သန့်လေးကို ရေနေွးနေွးလေးနဲ့ စွတ်ပြီးသန့်စင်ပေးနိုင်ပါတယ်။ သွားမပေါက်သေးတဲ့ကလေးငယ်လေးတေွကိုတော့ လှျာလေးတေွ သွားဖုံးလေးတေွ၊ နှုတ်ခမ်းတေွကို သန့်စင်ပေးနိုင်ပါတယ်။ သွားပေါက်ပြီဆိုရင်တော့ ခံတွင်းသန့်ရှင်းရေးအတွက် သွားပွတ်တံလေးရယ်၊ ကလေးသုံးသွားတိုက်ဆေးလေးရယ်ကိုအသုံးပြုပြီး သန့်စင်ပေးဖို့တော့ လိုအပ်ပါတယ်နော်။
ကလေးငယ်လေးတေွရဲ့ ကျန်းမာသန့်ရှင်းရေးအတွက် မေမေတို့က ဂရုစိုက်ပေးပါနော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)