ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ဝမ်းနည်းဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ပျက်ကျသွားတဲ့ ကလေးကို ဘယ်လိုနည်းနဲ့မှ ပြန်မရနိုင်တော့ပါဘူး။ ကိုယ်ဝန်သက်တမ်း ဘယ်ကာလမှာပဲဖြစ်ဖြစ် မမေှျာ်လင့်ပဲ ကိုယ်ဝန်ပျက်ကျနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တေွ အနေနဲ့ အထူးသတိထားဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ပျက်ကျထားတဲ့ အမျိုးသမီးတစ်ဦးကို စိတ်ပိုင်းဆိုင်ရာ ခွန်အားပြန်လည်ရရှိအောင် အားပေးစကားပြောကြားပေးဖို့ လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာ ပြန်လည်တိုးတက်လာဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတေွကိုလည်း ကျေွးမေွးပေးရပါမယ်။ ဒီလိုကာလမျိုးမှာ မစားသုံးသင့်တဲ့ အစားအစာတေွကို သိထားတာ အကောင်းဆုံးပါပဲ။
ကာဗွန်ဟိုက်ဒရိတ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်း သကြားပါဝင်မှု ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါပေမယ့် ပြုပြင်ပြီးသား အသင့်စားခေါက်ဆွဲတေွ ၊ ကြက်ဥတေွကိုတော့ မစားသုံးသင့်ဘူးလို့ ကျွမ်းကျင်ပညာရှင်များက အကြံပြု ပြောကြားခဲ့ပါတယ်။ အရမ်းချိုလွန်းတဲ့ သကြားလုံးတေွ အချိုရည်တေွကိုလည်း ကိုယ်ဝန်ပျက်ကျပြီးနောက် ခေတ္တရေှာင်ကြဉ်ထားသင့်ပါတယ်။
ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ ပျက်ကျထားတဲ့ ဒဏ်ကြောင့် ရောင်ရမ်းပြီး နာကျင်မှုတေွ ခံစားရနိုင်ပါတယ်။ အသားနဲ့ နို့ထွက်ပစ္စည်းတေွဟာ အနာကို ပိုမိုရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အမဲသား ၊ ဝက်သား ၊ ထောပတ် ၊ ဒိန်ခဲတို့ကို ရေှာင်ကြဉ်သင့်ပါတယ်။
ဒါ့အပြင် လမ်းဘေးမှာ အလွယ်တကူ ဝယ်ယူစားသုံးလို့ရတဲ့ သားရေစာတေွ ၊ မကျက်တကျက်အသားနဲ့ ပင်လယ်စာတေွဟာလည်း မတော်တဆ ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ လုံးဝ ရေှာင်ကြဉ်သင့်တဲ့ အစားအစာတေွပဲ ဖြစ်ပါတယ်။
HYA (kyarlay)