မေမေတို့ရေ ကိုယ်ဝန်ဆောင်ဘဝ အာဟာရဓာတ်တွေပြည့်ဝဖို့အတွက် အရမ်းကို အရေးကြီးပါတယ်နော်။ ဒီလိုအချိန်မျိုးမှာ အာဟာရပြည့်ဝပြီး ကျန်းမာနေဖို့အရမ်းကို အရေးကြီးပါတယ်။ မေမေကျန်းမာမှ၊ မေမေ့မှာအာဟာရဓာတ်တွေ ပြည့်ဝနေမှာ ၀မ်းဗိုက်ထဲကရင်သွေးလေးမှာလည်း ကျန်းမာစွာဖွံ့ဖြိုးကြီးထွားနိုင်မှာပါ။ အဲ့ဒါကြောင့်လည်း ဘယ်လိုအစားအစာလေးတွေကို စားသုံးပေးဖို့လိုတယ်ဆိုတာကို ကြည့်လိုက်ရအောင်နော်။
မေမေတို့ရေ ပန်းဂေါ်ဖီစိမ်းကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ရော သားသားမီးမီးတို့အတွက်ရော အရမ်းကို ကောင်းမွန်စေပါတယ်။ ကြွယ်ဝတဲ့အမျှင်ဓာတ်နဲ့ အန်တီအောက်ဆီးဒင့်ဓာတ်တွေကြောင့် မိခင်လောင်းဘဝမှာ လိုအပ်တဲ့အစားအစာတစ်ခုပါပဲ။
မေမေတို့ရေ ကိုယ်ဝနဆောင်မိခင်ဘဝ မနက်ခင်းတိုင်းမှာ နွားနို့တစ်ခွက်ပုံမှန်သောက်ပေးသင့်ပါတယ်တဲ့။ မိခင်တွေအတွက် အားအင်ပြည့်ဝဖို့နဲ့ ကယ်လ်ဆီယမ်ဓာတ်လုံလောက်ဖို့အတွက် အရေးပါတဲ့ နို့တစ်ခွက်ပါပဲ။ တစ်ခုတော့ သတိထားနော်မေမေတို့ရေ။ နို့ကအဆီထုတ်ထားတဲ့နို့ဆိုရင်တော့ ပိုကောင်းပါတယ်နော်။
မေမေတို့ရေ ငှက်ပျောသီးကလည်း ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးပါပဲ။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အတွက် ခွန်အားပြည့်ဝဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်တဲ့။
မေမေတို့ရေ မိခင်လောင်းဘဝမှာ အသားငါးတွေစားသုံးတဲ့အခါ အဆီပိုတွေမပါအောင်တော့ ဂရုစိုက်ပေးဖို့လိုပါတယ်။ အသားဓာတ်ကလည်း မဖြစ်မနေလိုအပ်တာဖြစ်လို့ စားသုံးရမှာပါ။ ဒါပေမယ့်လည်း အဲ့ဒီအသားတွေကို စားတဲ့အခါမှာ အဆီပိုတွေအများကြီးပါမနေဖို့တော့ လိုပါတယ်နော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ဥအမျိုးမျိုးကလည်း အရမ်းကိုအရေးကြီးပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အဲ့ဒီဥတွေကို မေမေတို့ကစားသုံးသင့်တယ်ဆိုပေမယ့် ကြက်ဥအစိမ်းသောက်တာမျိုးတွေတော့ မလုပ်မိဖို့အရေးကြီးတယ်နော်။ ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးဖို့ကိုတော့ သတိပြုပေးပါနော်။
နောက်ထပ်စားသုံးသင့်တာကတော့ အစိမ်းရောင်ရှိတဲ့ အရွက်အမျိုးမျိုးပါ။ ဟင်းနုနွယ်ရွက်၊ ဗူးရွက်၊ ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်အစရှိတဲ့ အစိမ်းရောင်အရွက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။ ဒါမှလည်း မေမေတို့တွေအတွက် သံဓာတ်လုံလောက်မှုရှိနေစေမှာပါ။
မေမေတို့ရေ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေ လုံလောက်စေဖို့ကတော့ ပဲအမျိုးမျိုးစားသုံးပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ အခွံမာသီးနဲ့ အစေ့အဆံတွေကိုလည်း စားသုံးပေးဖို့လိုပါတယ်တဲ့။ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါတယ်မေမေတို့ရေ။
မေမေတို့ရေ ဒိန်ချဉ်ကလည်း ကိုယ်ဝန်ဆောင်မေမေအတွက် နောက်ထပ်စားသုံးသင့်တဲ့အစားအစာတစ်မျိုးပါပဲနော်။ တစ်ခုသတိပြုဖို့လိုတာကတော့ အဆီနည်းတဲ့ဒိန်ချဉ်တော့ဖြစ်ဖို့လိုပါတယ်နော်။
HM (ကျားလေး)