
ဖေဖေ၊ မေမေတို့ရေ သက်ငယ်မုဒိမ်းမှုတေွများပြားလာတာနဲ့အတူ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မိဘတေွအနေနဲ့ လိုက်နာကျင့်သုံးရမယ့်အချက်လေးတေွကို ဝေမျှပေးလိုက်ရပါတယ်။

- ကလေးတေွရဲ့ ရင်ဘတ်၊ ခါးအောက်ပိုင်းနဲ့ တင်ပါးတို့ကို အထိအကိုင်မခံစေဖို့နဲ့ အထိခံရပါက မိဘ၊ မောင်နှမသားချင်းတေွထံကို တိုင်ကြားဖို့ သင်ပြထားပေးရပါမယ်။
- ကလေးတေွကို မိမိမျက်ကွယ်မှာ ဘယ်သူ့ထံကိုမှ အပ်နှံမထားသင့်ဘူး။
- နေအိမ်မှဝေးရာသို့ ကလေးတစ်ယောက်တည်း ခိုင်းစေတာ၊ စေလွှတ်တာတေွကို မပြုလုပ်သင့်ပါဘူး
- မူူးယစ်ဆေးဝါးအရက်သေစာ သောက်စားထားသူတေွအနီးမှာ ကလေးကိုလုံးဝမထားပါနဲ့။

- ကလေးရေှ့မှာ လိင်ပိုင်းဆိုင်ရာအပြုအမူတေွ မပြုလုပ်မိအောင် ရေှာင်ကြဉ်ပါ။
- လူမြင်ကွင်းမှာ ကလေးတေွကို အဝတ်အစားလဲမပေးပါနဲ့။ ရေချိုးမပေးပါနဲ့။
- ရေချိုးချိန်၊ အိမ်သာတက်ချိန်စတဲ့ မလွဲရေှာင်သာတဲ့ အခြေအနေတေွကတစ်ပါး အခြားအချိန်တေွမှာ က လေးငယ်တေွရဲ့ လိင်အင်္ဂါကို မိဘတေွကကိုင်တွယ်စနောက်တာမျိုး မပြုလုပ်သင့်ပါဘူး။
- နှုတ်ခမ်းကို နမး်တာကအစ မိဘတေွကဆင်ခြင်သင့်ပါတယ်။ (အခြားသူတေွကနမ်းတဲ့အခါ ချစ်လို့နမ်းတာလို့ ကလေးကယူဆနိုင်ပါတယ်)

- သေွးဆောင်ဖြားယောင်းခေါ်ဆောင်တတ်တာကြောင့် မိဘတေွမသိဘဲ ဘယ်သူနဲ့မှ လိုက်ပါမသွားမိစေဖို့အတွက် ကလေးကို သွန်သင်ဆုံးမထားသင့်ပါတယ်။
- ကလေးထံမှာ ပြောင်းလဲလာတဲ့ အပြုအမူတေွ၊ အနေအထိုင်တေွရှိလာပါက ချက်ချင်းမေးမြန်းသင့်ပါတယ်။
- ကလေးတေွမှာ ရင်ဖွင့်တဲ့ ပြောစကားကို အလေးထားနားထောင်ပေးရပါမယ်။
- သက်ငယ်မုဒိမ်းမှုဆိုင်ရာ ကိစ္စရပ်တေွကို ကလေးတေွနားလည်သိရှိအောင် သိတတ်စကလေးအရွယ်ကစပြီး ဗဟုသုတအဖြစ်ပြောပြထားပေးဖို့လိုပါတယ်။

မေမေ၊ ဖေဖေတို့ရေ ဒီအချက်လေးတေွကို လိုက်နာဆောင်ရွက်ပြီး ရင်သေွးငယ်လေးတေွ အန္တရာယ်မကျရောက်စေဖို့ ဆောင်ရွက်ပေးနိုင်ကြပါစေနော်။
MiGi