စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးငယ်တေွ မကြာခဏငိုရခြင်းရဲ့ တရားခံ

Posted by Kyaw Lin Han August 17, 2019
Xbxeh2rj83clmcd8l6c6

ကလေးငယ်လေးတေွက တစ်ရက်ကိုသုံးနာရီ၊ တစ်ပတ်ကို သုံးရက်နဲ့ သုံးပတ်လောက်အကြောင်းအရာ မယ်မယ်ရရမရှိဘဲ ငိုနေမယ်ဆိုရင် ကလေးလေနာရောဂါ ဖြစ်နိုင်ပါတယ်။လေနာရောဂါဟာ သားသားလေးရော မီးမီးလေးမှာပါ ဖြစ်လေ့ဖြစ်ထရှိပြီး လူကြီးများအိပ်မရတဲ့ကိစ္စတစ်ခုပါပဲ။

Pyzwrxywq2pqztk1bqaa

ကလေးငယ်လေးရဲ့အသက်က ၂ ပတ်နဲ့ ၄ လကြားမှာရှိနေပြီး အခြားရောဂါလက္ခဏာလည်း ကြီးကြီးမားမားမရှိဘဲ နို့လည်းကောင်းကောင်းစို့တယ်၊ မငိုတဲ့အချိန်မှာဆိုရင် အကောင်းပကတိအတိုင်းရှိနေမယ်ဆိုရင်တော့ ကလေးလေနာရောဂါ ဖြစ်နိုင်ချေများနေပါပြီ။

Htflzlnwm3sgkn9vcrz5

တစ်ခုသတိထားရမှာကတော့ အသည်းအသန်ငိုနေတဲ့ ကလေးတေွမှာ ၅ ရာခိုင်နှုန်းလောက်က ပင်မရောဂါကြီးအခံတစ်ခုခု ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကလေးက ဘယ်လိုပဲချော့ချော့ အငိုမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တစ်ကြိမ်လောက်တော့ ပြသကြည့်သင့်ပါတယ်။ ဒါမှလည်း တခြားရောဂါတစ်ခုခုရှိနေမယ်ဆိုရင် အချိန်မီကုသပေးလို့ရနိုင်မှာပါ။ ရိုးရိုးလေနာတာဆိုရင်တော့ သာမန်လေဆေးနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု၊ နှစ်သိမ့်မှုပေးလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ပျောက်ကင်းသွားနိုင်မှာလည်းဖြစ်ပါတယ်။

Cjjwpzjd38fs8vrbt7iz

ကလေးမှာ လေနာရောဂါဝေဒနာကို ခံစားနေရပြီဆိုရင်တော့ ညဘက်တေွပါမကျန် ကလေးက စူးစူးဝါးဝါးငိုတတ်ပါတယ်။ ဒီလိုလက္ခဏာတေွှပနေပြီဆိုရင်တော့ တချို့တေွက ဆရာဝန်လက်မှတ်မလိုဘဲ ပြင်ပမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဂရိုက်မစ်ချာ၊ အဲယားအိပ်စ်၊ ရင်လူးဆေးတေွကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဆေးတေွက ကလေးငယ်ရဲ့ဝေဒနာကို ပျောက်ကင်းဖို့ ၅၀ ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။

Dyf4sh391pezvnkhmc3q

တော်ရုံဖြစ်တတ်တဲ့ ဝေဒနာအတွက်ကတော့ ဆေးမပေးဘဲနဲ့ ချော့သိပ်တာ၊ ကျောပြင်နဲ့ ရင်ဘတ်ကို ပွတ်သပ်ပြီး နှိပ်နယ်ပေးတာတေွ ပြုလုပ်ပြီး ဂရုစိုက်ပေးလိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။မေမေတေွအားလုံးလည်း သတိပြုပြီး ဘေဘီလေးတေွရဲ့ ဝေဒနာကို လေှျာ့ချပေးနိုင်ပါစေနော်။ 

MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.