မေမေတို့ရေ သားသားမီးမီးလေးတွေအနေနဲ့ အစားအစာတွေစားသောက်တဲ့အခါ ဇွန်းလေးကို ကိုယ်တိုင်ကိုင်ပြီးယူစားတတ်ဖို့အတွက် မေမေတို့က လေ့ကျင့်ပေးဖို့လိုပါတယ်နော်။ အချို့မေမေတွေကတော့ ကလေးတွေကိုယ်တိုင်စားတဲ့အခါ ဘေးဘက်တွေမှာ ပေပွသွားတာမျိုးတွေအတွက် စိတ်မရှည်ဘဲ ခွံ့ကျွေးတတ်ကြပါတယ်။ မေမေတို့ရေ အစပိုင်းမှာတော့ ဖိတ်စင်တာတွေ၊ လွတ်ကျတာတွေ၊ ဘေးမှာပေကျံတာတွေဖြစ်တတ်တယ်ဆိုပေမယ့် ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ပြီးသွားရင်တော့ ကလေးတွေဟာ အသေအချာကို ကိုယ်တိုင်ဇွန်းနဲ့စားရတာကို ကျင့်သားရသွားကြပါလိမ့်မယ်။ နောက်ပြီး ဘေဘီလေးတွေကိုယ်တိုင်ကလည်း သူတို့ကိုခွံ့ကျွေးတာထက် ကိုယ်တိုင်ဇွန်းနဲ့ကိုင်ပြီးစားရတာကို စူးစမ်းတတ်ကြပါတယ်။ ဒီလိုစားတဲ့အချိန်မှာ မေမေတို့က သေချာလေးလေ့ကျင့်ပေးပြီး ကလေးတွေရဲ့ ကိုယ်တိုင်ပြုမူဆောင်ရွက်တတ်မှုတွေကို လေ့ကျင့်ပေးဖို့လိုပါတယ်နော်။
မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး