
ကလေးငယ်များကို မိဘများကတော့ ကျန်းမာတဲ့ စားသောက်ပုံကို စီစဉ်ပေးချင်ကြမှာပါ။ သခွားသီးကတော့ အားလုံးသိတဲ့ အတိုင်း အရည်ရွမ်းတဲ့ အသီးတစ်မျိုးဖြစ်ပြီးတော့ ကျန်းမာရေးအတွက် ဗီတာမင် နဲ့ အန်တီအောက်စီးဒန့်များစွာပါ၀င်ပါတယ်။

သခွားသီးမှာ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ သီရာမင်း၊ နီရာစင်း၊ နဲ့ ဖောလိတ်တော့ ကြွယ်ဝစွာ ပါ၀င်ပါတယ်။ ဗီတာမင် A က ကလေးငယ်များအတွက် အမြင်အာရုံကိုပိုမို ကောင်းမွန်စေပြီး ဗီတာမင် B6 ကတော့ ကျန်းမာတဲ့ ဟေမိုဂလိုဂျင်ဓာတ်ကို ပေးပါတယ်။ ဗီတာမင် K ဓာတ်က အရိုးများကျန်းမာရေးနဲ့ ကလေးငယ်များ သေွးလည်ပတ်မှု ကောင်းမွန်စေရန်အတွက် တာဝန်ယူပါတယ်။ထို့အတွက် သခွားသီးစားပေးခြင်း နဲ့ သခွားသီး အရည်သောက်ပေးခြင်းက ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ကျန်းမာသန်စွမ်းစေမှာပါ။

သခွားသီးရဲ့ ၉၆ ရာခိုင်နှုန်းဟာ ရေဖြင့် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ကလေးငယ်အတွက် လိုုအပ်တဲ့ရေဓာတ်နဲ့ လိုအပ်တဲ့ သတ္တုဓာတ်များ ဖြည့် စည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်စေမှာ မဟုတ်ပါဘူး။ ဗီတာမင်များအပြင် အန်တီအောက်စီးဒန့် ဓာတ်လည်း ကြွယ်ဝစွာပါ၀င်သောကြောင့် ကလေးငယ်ကို ပုံမမှန်ခြင်းနဲ့ ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါသေးတယ်။

သခွားသီးဟာ ကလေးငယ်များဖြစ်တတ်တဲ့ အစာအိမ်ပြဿနာ ဖြစ်တဲ့ အချဉ်ဓာတ်များပြားခြင်းနဲ့ အစာအိမ်နာခြင်းတို့ကိုပါ သက်သာစေပါသေးတယ်။ ရေဓာတ်ကြွယ်ဝတဲ့အတွက် ကလေးငယ်များ ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးဦးမှာပါ။ လေ့လာတေွ့ရှိချက်များမှာတော့ သခွားသီးမှာ အကိုက်အခဲသက်သာစေသော ဂုဏ်သတ္တိရှိတဲ့ အတွက်် အနာများသက်သာစေတဲ့ နေရာမှာပါ အသုံးဝင်တာကိုတေွ့ရပါတယ်။ထို့အတွက် သခွားသီးစားပေးခြင်းက ကလေးငယ်များ နာကျင်ခြင်းကိုလည်းလေှျာ့ချပေးမှာပါ။

အားလုံးသိတဲ့ အတိုင်းသခွားသီးက အသားအရည်အတွက်လည်းအလွန်ကောင်းမွန်ပါတယ်။ အနာရွတ်များကို လျော့ပါးစေရုံသာမက ကလေးငယ်လေးများ အကောင်ကိုက်ခံရခြင်း၊ အပူလောင်ခြင်းတို့ဖြစ်ရင်လည်း ကပ်ပေးထားခြင်းဖြင့် သက်သာစေနိုင်ပါသေးတယ်။ သခွားသီးမှာ ဗီတာမင်ဓာတ်များသာမက ပိုတက်ဆီယမ်၊ စီလီကာ၊ ကယ်လဆီယမ်၊ မက်ဂနီဆီယမ် ဓာတ်များလည်းပါ၀င်တဲ့ အတွက် ကလေးငယ်များရဲ့ အရိုးများနဲ့ ကြွက်သားများဆက်စပ်ရာမှာလည်း အထောက်အကူပေးပါသေးတယ်။
MiGi