မေမေတို့ရေ သားသားမီးမီးလေးတေွကို ပိုက်ကလေးနဲ့ ရေသောက်တတ်ဖို့အတွက် လေ့ကျင့်ပေးရအောင်နော်။ ကလေးငယ်တေွအတွက် အားပြည့်စေမယ့် အချိုရည်တေွ၊ ရေတေွကို ပိုက်လေးနဲ့စုပ်ပြီး သောက်တတ်သွားအောင် သားသားမီးမီးလေးတေွအတွက် လေ့ကျင့်ပေးမယ်နော်။
မေမေတို့ရေ လေ့ကျင့်ပေးဖို့အတွက် အရင်ဆုံး ပိုက်လေးတေွကို စုဆောင်းထားလိုက်ပါနော်။
ပြီးတဲ့အခါမှာတော့ မေမေတို့က လက်လေးကို သန့်ရှင်းအောင်ဆေးကြောပြီး ရေခွက်လေးထဲကရေကို ပိုက်နဲ့ ပုံပါအတိုင်းလက်လေးနဲ့ပိတ်ပြီး ယူရပါမယ်။ ပြီးရင်တော့ ကလေးငယ်ကို လူကြီးလက်နဲ့ထိန်းပြီး ပိုက်လေးနဲ့စုပ်တတ်အောင် လေစုပ်ထားတဲ့လက်ကို ထိန်းပြီးချပေးရမှာပါ။
နောက်တစ်ဆင့်အနေနဲ့ကတော့ ကလေးတေွသောက်နိုင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကလေးရေဗူးလေးနဲ့အတူ လေ့ကျင့်ပေးနိုင်ပါတယ်။ ကလေးရေဗူးလေးတေွက ပိုက်ကလေးတေွဟာ အောက်ခြေမှာ ရေအလွယ်တကူစုပ်ယူနိုင်ဖို့ ပြုလုပ်ထားတာကြောင့် သာမာန်ပိုက်တေွနဲ့မတူဘဲ အလွယ်တကူသောက်သုံးနိုင်ပါတယ်။
အဲ့ဒီလိုအဆင့်ဆင့်လေ့ကျင့်ပြီးပြီဆိုရင်တော့ သာမန်ပိုက်တေွနဲ့ ရေသောက်ဖို့လွယ်ကူသွားမှာပါနော်။ ရေသောက်တဲ့အချိန် အအေးသောက်တဲ့အချိန်တေွမှာ အလွယ်တကူနဲ့ သောက်တတ်သွားမှာလည်းဖြစ်ပါတယ်မေမေတို့ရေ။
Ref;HM (ကျားလေး)