ရာသီထိန်ခြင်းဟာ ဗိုက်ကြီးနာစွဲခြင်း၏ သိထားထင်ရှားသော အစောပိုင်း လက္ခဏာဖြစ်ပါတယ်။ သို့သော် ရာသီသေွးမပေါ်ခြင်းနှင့် ရာသီသေွးအားလုံး နောက်ကျခြင်းဟာ ကိုယ်ဝန်ရိ်ှခြင်းကြောင်းဖြစ်ရတယ်ဆိုပြီး တရားသေသတ်မှတ်၍ မရပါဘူး။ ကိုယ်ဝန်ရိှတဲ့အခါ မအီမသာဖြစ်ခြင်း၊ အနံ့မခံနိုင်ခြင်း၊ တံတေွး ခဏခဏ ထေွးရခြင်း၊ ခေါင်းမူးခြင်း ၊ ပျို့အန်ခြင်း။၊ ခြေလက်များ မသယ်ချင်ခြင်း၊ လှလျောင်းနေချင်ခြင်း စတာတေွ ဖြစ်တတ်ပါတယ်။
လေပွှခင်း၊ ဝမ်းချုပ်ခြင်းတေွှဖစ်တာကြောင့် ဗိုက်တင်းပြီး နေရထိုင်ရခက်နေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တေွဟာ ခံတွင်းပျက်ပြီး ဘာမှမစားတာကြောင့် ဗိုက်အောင့်တာမျိုးလည်းရိှတတ်ပါတယ်။ ဘာကြောင့်ခံတွင်းပျက်ကြလဲ ဆိုရင် များသောအားဖြင့် အနံ့မခံနိုင်ခြင်း ကြောင့်ပို၍ အဖြစ်များပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်လောင်းတို့အတွက် အစားအာဟာရဓာတ်ဟာ အဓိကဖြစ်တာကြောင့် အစားကို လုံလောက်အောင် စားပေးသင့်ပါတယ်။
များသောအားဖြင့် ခံတွင်းပျက်ခြင်းကြောင့် ဗိုက်အောင့်တတ်ခြင်းကို အစာအိမ်ရောဂါထင်ပြီး ဆရာဝန်နဲ့ ပြတတ်ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတေွအနေနဲ့ သန္ဓေအောင်ပြီး ၆ ပါတ် (သို့) ၈ ပါတ်ဝန်းကျင်တွင် ဆီးခနခနသွားတတ်ကြပါတယ်။ ဆီးခဏခဏသွားခြင်းကြောင့် အဖြူဆင်းတာ များတတ်ပါတယ်။ ဒါ့အပြင် ချင်ခြင်းတပ်ခြင်းလို့ခေါ်တဲ့ တစ်ခုခုကို စွဲစွဲလမ်းလမ်းစားချင်တဲ့ စိတ်တေွလည်း ဖြစ်တတ်ပါတယ်။
ရင်သားများတင်းခြင်း၊ နို့သီးခေါင်းများ ကြိမ်းခြင်းများလည်း ဖြစ်တတ်ပါတယ်။ ရင်သားများတင်းပြီးနာကျင်ခြင်းဟာလည်း ကိုယ်ဝန်ရဲ့ရေှ့ပြေးလက္ခဏာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုသို့ ဖြစ်ရခြင်းမှာ ပိရိုဂျက်စတရုန်းဟော်မုန်းပမာဏ ပိုများလာခြင်းကြောင့်ဟုဆိုနိုင်ပါတယ်။ ဒါ့အပြင် အသားရေတေွပူပြီး ဖျားတယ်လို့လည်း ထင်ရတတ်ပါတယ်။ ဒါတေွကတော့ ကိုယ်ဝန်ရိှစရဲ့ လက္ခဏာတေွပဲဖြစ်ကြပါတယ်။
#ဇေဝန်းနေ(Kyarlay)