Kyarlay.com

about 2 years

ဗိုက်ခွဲမေွးခြင်းရဲ့ အားသာချက် နဲ့ အားနည်းချက်


M3payd63xnztbkdg8cpe

ယနေ့ခေတ်ကာလမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတေွဟာ ရိုးရိုးမေွးတာထက်စာရင် ခွဲမေွးတာကို ပိုပြီး သဘောကျ ကြပါတယ်။
ဗိုက်ခွဲမေွးရတာဟာ မိမိလိုချင်တဲ့ နေ့ကောင်းရက်မြတ်တေွကို မေွးလို့ရသလို မမေွးခင် ဗိုက်နာတဲ့ နာကျင်မှုတေွကို မခံစားရတဲ့ အတွက်ကြောင့်ပါ။
ရိုးရိုးမေွးနိုင်မယ်ထင်ပြီးမှ ခွဲမေွးလိုက်တာက ပိုပြီးဆိုးကျိုးများပါတယ်။
အဲတာကြောင့် ရိုးရိုးမေွးနိုင်မှ ရိုးရိုးမေွးမယ်လို့ ဆုံးဖြတ်ချက်ချကြပါ။
အစကတည်းက ရိုးရိုးမမေွးနိုင်ဘူး ခွဲမေွးမယ်ဆိုရင်လည်း ကြိုတင် အစီအစဉ်ချပြီး ခွဲမေွးတာက ပိုကောင်းပါတယ်။
ခွဲမေွးတာကလည်း အားနည်းချက်၊ အားသာချက်တေွရှိပါတယ်။

အားသာချက်ကတော့
****************
ခွဲမေွးရခြင်းဟာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ မေွးရမယ်ဆိုတာ ကြိုသိတယ်။ ကိုယ်ကြိုက်တဲ့ ရက်ကိုမေွးနိုင်တယ်။ ခွဲမေွးပြီးရင် ပြီးသွားပြီ။

ရိုးရိုးမေွးတဲ့သူတေွလို ဗိုက်နာပြီးရင် ငါက မေွးနိုင်မှာလား၊ မမေွးနိုင်ဘူးလား။
ငါက လျောလျောရှူရှူဖြစ်ပါ့မလား၊ ငါ့ကလေးညှပ်ဆွဲခံရမလား၊ ငါ့ကလေး လေစုတ်ခံရမလား အဲလိုမျိုးတေွ ပူပန်စရာ မလိုတော့ဘူး။

ယနေ့ခေတ်မှာ မေ့ဆေးတေွကလည်းကောင်းတယ်၊ တိုးတတ်လာတယ် ချုပ်ရိုးတေွကအစ ကောင်းလာသောကြောင့် နောက်ဆက်တွဲ ပြဿနာ အင်မတန် နည်းလာတယ်။
ဗိုက်ခွဲမေွးတာရဲ့ ကောင်းတဲ့အချက်က ဗိုက်မနာဘူး။ ထုံဆေးနဲ့ ဆိုတော့ မနာဘဲ မေွးနိုင်တယ်။

အားနည်းချက်ကတော့
******************
ဗိုက်ခွဲမေွးတာဟာ ပထမ သားဦးမှာတော့ ကလေးရော ၊အမေရော အန္တရာယ်သိပ်မရှိပေမယ့်၊ ပထမခွဲကြောင်းရှိနေတဲ့ အမေတစ်ယောက်ကို နောက်ထပ်ခွဲမေွးမယ်ဆိုတဲ့ နေရာက အန္တရာယ်များပါတယ်။ နှစ်ယောက်၊ သုံးယောက်ထက်ပိုပြီး မခွဲတာကောင်းတယ်။

၄ခါ ၊ ၅ ခါ ခွဲမေွးမယ်ဆိုရင် အရင်ခွဲကြောင်းဟာ ဗိုက်မနာခင်မှာ ကွဲထွက်သွားနိုင်တယ်။ ချုပ်ရိုးနှစ်ကြောင်းဆိုရင်တော့ ခွဲမေွးလို့ မရပါဘူး။


မှတ်ချက်။ ။ မေ့ရင်သေွး မဂ္ဂဇင်း V0l;1 , No.4 နိုဝင်ဘာလထုတ်မှ ကောက်နုတ်ထားပါသည်။



San Su Kyi Naing