
သင်၏ကလေးငယ်ရဲ့ ဖွံဖြိုးမှုကို ဆောင်ရွက်ပေးချိန်မှာ ဗီတာမင် လိုအပ်ချက်များရှိမည်ကို စိုးရိမ်နေပါသလား။ ကလေးငယ်များ ကြီးထွားဖွံဖြိုးဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်များဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အဲ့အထဲကမှ ဗီတာမင်E ကတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။

ဗီတာမင် E ဟာ ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်လေှျာက်ရှိ အစိတ်အပိုင်းများကို သေွးလည်ပတ်မှု အားကောင်းစေရန် သေွးကြောများကို လုံလောက်သော အကျယ်ရရှိရန် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ရှိ ဆဲလ်များကိုလည်း အရေးပါသော လုပ်ဆောင်ချက်များလုပ်ဆောင်နိုင်ရန် ကူညီပေးပါသေးတယ်။

အဲ့ဒါအပြင် အန်တီအောက်ဆီးဒန့်ဓာတ်က ကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါ၊ လေဖြတ်ခြင်းနဲ့ အခြားအရေးပါတဲ့ ကျန်းမာရေးအခြေအနေများမှလည်း ကာကွယ်ပေးပါသေးတယ်။ ဗီတာမင် E ကအသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းခြင်းကိုလည်း လျော့ချပေးပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါများမှလည်း ကာကွယ်ပေးပါသေးတယ်။

အသက်အရွယ်အလိုက် ဗီတာမင်လိုအပ်ချက် အသီးသီးရှိပါတယ်။ အသက် ၄ နှစ် နှင့်အထက် ကလေးငယ်များကတော့ တနေ့လှျင် ဗီတာမင် E 7mg လိုအပ်ပါတယ်။ မှန်ကန်သော စားသောက်ပုံက ကလေးငယရဲ့ လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်တင်းရန်အတွက် အဆင်ပြေစေမှာ ဖြစ်ပြီး မေမေ တို့အဆင်ပြေအောင် ဗီတာမင် E ကြွယ်ဝသော အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

ဗာဒံသီး၊ ပဲထောပတ်၊ နေကြာဆီ၊ မြေပဲလေှာ်၊ ကီဝီသီး၊ ပြောင်းဖူးဆီ၊ ဟင်းနုနယ်ရွက်၊ ပဲပိစပ်ဆီ၊ သရက်သီး၊ ဥအမျိုးမျိုးနဲ့ ကေွကာအုပ်တိုု့မှာ ကြွယ်ဝတဲ့ ဗီတာမင်E ဓာတ်ပါဝင်ပါတယ်။အဲ့အတွက်မေမေတို့က ကလေးငယ်တေွရဲ့ နေ့စဉ်အစားအစားများထဲမှာ ထည့်သွင်းပြင်ဆင်ပေးပြီး ကလေးငယ်များ ကျန်းမာရေးနဲ့ ညီညွတ်မှျတစေဖို့ ဆောင်ရွက်ပေးနိုင်ပါတယ်နော်။
MiGi