
ပန်းနာရင်ကြပ်ရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ မိသားစုထဲမှာ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရတဲ့သူရှိရင် ကလေးငယ်မှာလည်း ဖြစ်လာနိုင်ချေ ရှိပါတယ်။ မိဘနှစ်ပါးစလုံးမှာ ပန်းနာရင်ကြပ်ရောဂါရှိရင်တော့ ကလေးမှာ ကျိန်းသေပေါက် ပန်းနာရင်ကြပ်ရောဂါ ဖြစ်နိုင်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါဟာ ဖြစ်စမှာ ရင်မကြပ်သေးပေမယ့်လည်း မနက်စောစော ချောင်းအမြဲဆိုးတတ်တဲ့သူဟာ အဆိုပါရောဂါ ဖြစ်နိုင်ချေရှိပါတယ်။ အထူးသဖြင့် နို့ပေွး ၊ နှင်းခူနာ ရှိတဲ့ ကလေးငယ်တေွမှာ ပန်းနာရင်ကြပ်ဖြစ်ဖို့ ပိုပြီး အခွင့်အလမ်း များတာကို တေွ့ရပါတယ်။ ဓာတ်မတည့်တဲ့ ရောဂါရှိသူတေွမှာလည်း ပန်းနာရင်ကြပ်ရောဂါ ဖြစ်နိုင်ပါတယ်။

ဆိုလိုတာက ဥပမာ- အိမ်တွင်းရှိဖုန်မှုန့် ၊ အမေွးပွခေါင်းအုံး ၊ မေွ့ယာ ၊ ကော်ဇော ၊ ပန်းဝတ်မှုံနဲ့ မှုိအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ မီးခိုးမှုန် ၊ ကားအိတ်ဇောန့ံ ၊ စူးရှတဲ့ အမေွှးတိုင်န့ံတေွကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ခြင်ဆေးခေွန့ံ ၊ ညေှာ်နံ့ပြင်းပြင်း ၊ ဆေးလိပ်မီးခိုး ၊ မီးသေွးမီးခိုး ၊ စက္ကူမီးရှို့ရာမှ ထွက်တဲ့ အမေွှးန့ံ ၊ စက်ရုံတေွကနေထွက်တဲ့ ဓာတုပစ္စည်းများရဲ့ စူးရှသော အနံ့များ ၊ ရေမေွှးန့ံ ၊ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုအမျိုးမျိုး ဥပမာ- ဝမ်းသာလွန်းရင် ၊ ဝမ်းနည်းလွန်းရင် ၊ အပြင်းအထန် ရယ်မောမိရင် ရုတ်တရက်မောပြီး ရင်ကြပ်တတ်ပါတယ်။

ဒေါသအပြင်းအထန်ထွက်ရင် ၊ ကြောက်ရွံ့ထိတ်လန့်တတ်ရင်လည်း ရင်ကြပ်တတ်ပါသေးတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင် ဥပမာ- ဘောလုံးကန်ရင် ၊ ရေကူးရင် ၊ အားကစားလုပ်ရင် ၊ မောပန်ပြီး ရင်ကြပ်တတ်ပါတယ်။ တစ်ချို့သော ဆေးဝါးများစားရင်လည်း ကြပ်တတ်ပါတယ်။ ဥပမာ- အကိုက်အခဲပျောက်ဆေး ၊ အက်စပရင်ဆေးပြားတို့ကိုသောက်မိလို့ ဓာတ်မတည့်ခဲ့ရင် ချက်ချင်း ရင်ကြပ်လာနိုင်ပါတယ်။
HYA (kyarlay)