စျေး မီဒီယာ
အခြား

ရင်သေွးငယ်လေးတေွ လမ်းလေှျာက်ဖို့ကြိုးပမ်းမှု အဆင့်ဆင့် ..

Posted by Harry June 1, 2018
Ms5an28qpcwint9xz2bp

မေမေတို့ရေ သားသားမီးမီးလေးတေွလမ်းလေှျာက်ဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ အဆင့်ဆင့်ကြိုးပမ်းကြတယ်ဆိုတာလေးကို ကျားလေးက မှျဝေပေးချင်ပါတယ်နော်။ လမ်းမလေှျာက်မီမှာ အရင်ဆုံး ဘယ်လိုအဆင့်တေွှဖတ်သန်းကြတယ်ဆိုတာနဲ့ မေမေတို့က အဲ့ဒီအဆင့်လေးတေွအလိုက် ဘယ်လိုမျိုးကူညီလေ့ကျင့်ပေးနိုင်မလဲဆိုတာလေးကိုလည်း မှျဝေပေးလိုက်ပါတယ်နော်။

Gettr6hho3jm4j7conko

မေမေတို့ရေ သားသားမီးမီးလေးတေွက အရင်ဆုံး အထိုင်သင်ကျင့်ကြတာပါ။ ကလေးငယ်တေွဟာ အသက် ၆ လဝန်းကျင်မှာ စတင်ပြီး ထိုင်တတ်ကြပါတယ်။ သူတို့တေွစထိုင်ပြီဆိုရင်တော့ ထိုင်ပြီးချိန်မှာ ပစ္စည်းလေးတေွကိုဆွဲယူတတ်ကြပါတယ်။ အဲ့ဒါကြောင့်ဘေဘီလေးတေွအနီးမှာ သူတို့တေွကို အန္တရာယ်ဖြစ်စေမယ့် ပစ္စည်းလေးတေွမရှိအောင် သတိထားပေးဖို့လိုပါတယ်နော်။

Gxinmc28y0ngufx094ji

နောက်တဆင့်ဆိုရင်တော့ လေးဘက်တွားသွားတာပါ။ ဘေဘီလေးတေွထိုင်ပြီးရင်တော့ လေးဘက်တွားတဲ့အချိန်ရောက်လာပါပြီ။ အများအားဖြင့်တော့ ၆ လကနေ ၁၀ ကြားမှာ လေးဘက်တွားတတ်ကြပါပြီ။ ဒီအချိန်မှာတော့ ကလေးငယ်တေွကိုထားရှိရာမှာ အကာအရံလေးတေွနဲ့ ထားနိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အထပ်မြင့်တေွဆိုရင် အပေါ်ကပြုတ်ကျနိုင်တဲ့ တံခါးပေါက်တေွအနီးကာရံထားတာမျိုးတေွလည်း ပြုလုပ်ထားသင့်ပါတယ်။ ကလေးတေွကို ထားရှိတဲ့ အနီးမှာ အခင်းတေွခင်းထားတာ ကြမ်းမှာ ဆူးချွန်တေွ ထိခိုက်စေတဲ့ပစ္စည်းတေွမရှိစေတာအတွက် မေမေတို့က ဂရုစိုက်စစ်ဆေးပေးဖို့လိုပါတယ်နော်။

Gb6hryjobxxdglwjuabp

နောက်တစ်ဆင့်ကတော့ အသက် ၁၀ လနဲ့ အထက်ဝန်းကျင်မှာပါ။ ဒီအရွယ်မှာတော့ ကလေးတေွဟာ အထိန်းတေွနဲ့ ထိန်းပြီး မတ်တပ်စမ်းတတ်ကြပါပြီ။ အဲ့ဒီအချိန်မှာတော့ လူကြီးတေွက ထိန်းပြီး မတ်တပ်ရပ်ပေးတာ၊ ကလေးပေါ်လဲမကျနိုင်တဲ့ ပစ္စည်းလေးတေွနဲ့ ကလေးတေွမတ်တပ်သင်စေတာတေွကို လေ့ကျင့်ပေးသင့်ပါတယ်။

Jfh4ritvzstseoesgr7j

မတ်တပ်စမ်းပြီးရင်တော့ ကလေးတေွဟာ အကိုင်အတွယ်လေးနဲ့ အထိန်းလေးနဲ့ လမ်းစမ်းလေှျာက်ကြပါပြီ။ ဒီအချိန်မှာတော့ ကလေးတေွကိုင်ထိန်းပြီး လမ်းလေှျာက်နိုင်မယ့် လမ်းလေှျာက်သင့် ပစ္စည်းတေွ၊ ကလေးတေွဆော့ကစားနိုင်မယ့်အပြင် ကိုင်တွယ်ထိန်းကျောင်းပြီး လမ်းလေှျာက်နိုင်မယ့် ခြံကာလေးတေွကို ပြင်ဆင်ပေးနိုင်ပါတယ်။

Bw7qcgoozcjt9b5ikrci

အဲ့ဒီနောက်မှာတော့ တစ်နှစ်အရွယ်ဝန်းကျင်မှာ ကလေးတေွဟာ လမ်းလေှျာက်နေပါပြီ။ အစပိုင်းမှာ လေှျာက်လိုက် လဲပြီးထိုင်ချလိုက်ဖြစ်နေနိုင်ပေမယ့် ကျင့်သားရပြီးတဲ့အခါမှာတော့ နောက်ကထိန်းမရအောင် လမ်းလေှျာက်တော့မှာဖြစ်လို့ မေမေတေွနောက်ကလိုက်ဖို့သာ ပြင်ထားလိုက်တော့နော်။
မေမေတို့ဂရုပြုရမှာကတော့ လမ်းလေှျာက်တတ်သွားပြီဆိုရင် ဖိနပ်လေးကို အပြင်ထွက်တိုင်းစီးပေးဖို့တော့မမေ့ပါနဲ့နော်။ ဖိနပ်မပါဘဲ လမ်းလေှျာက်တဲ့အခါ ရောဂါပိုးမွှားတေွဝင်ရောက်တတ်လို့ မေမေတို့က ဂရုစိုက်ပေးပါနော်။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.