စျေး မီဒီယာ
အခြား

ကိုယ်တိိုင်ကိုယ်ကျပြုလုပ်ချင်တဲ့ မေမေတေွအတွက် ဆန်ကျိုပြုလုပ်နည်း ..

Posted by Harry June 1, 2018
Sbsrh6rppwp0kywwgmmh

မေမေတို့ရေ သားသားမီးမီးတို့အတွက် ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးတာမျိုးကိုမှ သဘောကျပါတယ်ဆိုတဲ့မေမေတို့အတွက်၊ အပြင်ကနေဝယ်ယူဖို့ကို အလိုမကျတဲ့ မေမေတို့အတွက် ဖြည့်စွက်စာစတင်ကျေွးမယ့်သားသားမီးမီးလေးတေွကို ကျေွးမေွးနိုင်မယ့် ဆန်ကျိုပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဒီဆန်ကျိုလေးကတော့ အသက် ၆ လပြည့်လို့ မိခင်နို့အပြင် ဖြည့်စွက်စာကို စတင်ကျေွးတော့မယ့် သားသားမီးမီးတို့အတွက်ပါ။ မေွးစကနေ အသက် ၆ လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျေွးလာပြီး အခြားအစားအစာတေွကို လုံးဝမကျေွးရသေးတဲ့ကလေးငယ်တေွကို ဖြည့်စွက်စာစတင်ကျေွးဖို့ ကျင့်သားရအောင်ပြုလုပ်ချိန်မှာ ဒီဆန်ကျိုလေးကို ၅ ရက် တစ်ပတ်လောက်စတင်ကျေွးဖို့ လိုပါတယ်နော်။

ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန်် ... နို့ဆီဗူးတစ်ဝက်

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာဆန်ကို ရေစင်အောင်ဆေးပေးပါ။
- ပြီးပါက အဝတ်သန့်လေးပေါ်တွင် ဖြန့်ခင်းပြီး ရေစင်အောင်လှမ်းပါ။
- ရေခြောက်သွားပါက ဒယ်အိုးသန့်သန့်လေးထဲသို့ထည့်ကာ လေှာ်ပေးပါ။
- ဆန်စေ့လေးများရဲသွားပြီး အရောင်ပြောင်းသည်အထိလေှာ်ပါ။ (တူးမသွားစေရန် ဂရုစိုက်ပေးပါ)
- ပြီးပါက ဆန်လေှာ်လေးများကို အမှုန့်ကျိတ်ပါ။ (ကလေးငယ်များကို ကျေွးရန်ပြင်ဆင်သည့်အတွက် သန့်ရှင်းမှုကို အထူးဂရုစိုက်ဖို့လိုပါတယ်နော်)
- အမှုန့်ကျိတ်ထားသည့်ဆန်လေှာ်လေးများကို အိုးသန့်သန့်လေးထဲသိို့ထည့်ပါ။
- ရေအနည်းငယ်ထည့်ပြီး မေွှပြီးကျိုပေးပါ။ ကျိုနေစဉ်အတွင်း ရေအနည်းငယ်စီ ထပ်ထပ်ထည့်၍ မပြတ်မေွှပေးနေရမှာဖြစ်ပါတယ်။
- အရည်ပြစ်လှျင်ရေထပ်ထည့် မေွှပေးပြီး မိနစ် ၂၀ ခန့် ရေအနည်းငယ်စီထည့်လိုက် မေွှလိုက်ပြုလုပ်ပေးနေရမှာပါ။
- အရည်ကျိုပြစ်သွားပြီးပါက မီးဖိုပေါ်မှချပြီး ပိတ်ဝတ်သန့်သန့် (သို့) ဇကာအစိပ်ဆုံးဖြင့် စစ်ချပြီး ရလာသည့်အနှစ်များကို သားသားမီးမီးတို့အတွက် ကျေွးမေွးနိုင်ပါပြီနော်။

မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.