မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝ အစစဂရုစိုက်နေရတဲ့အချိန်မှာ မေမေတို့တေွအနေနဲ့ ဘယ်လိုအချက်တေွကို ပြုလုပ်သင့်တယ်။ ဘယ်လိုအချက်တေွကိုတော့ ရေှာင်ရှားသင့်တယ်ဆိုတာကို ကျားလေးကနေ မှျဝေပေးချင်ပါတယ်နော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ဘဝမှာ မဖြစ်မနေပြုလုပ်သင့်တာက အရပ်စကားနဲ့ပြောရင် ဗိုက်အပ်တာပေါ့နော်။ ဆရာဝန်၊ ဆရာမတေွနဲ့ ပြသထားဖို့လုံးဝမမေ့သင့်ပါဘူး။ သက်ဆိုင်ရာဆရာဝန်တေွနဲ့ ပြသထားမှလည်း ကိုယ်ဝန်နဲ့သန္ဓေသားရဲ့ အခြေအနေကို သိနိုင်မှာပါနော်။
မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ဘဝမှာ ဗီတာမင်ဓာတ်ပြည့်ဝဖို့လည်း လိုအပ်ပါတယ်မေမေတို့ရေ။ ဗီတာမင်ပြည့်ဝတဲ့အစားအစာတေွစားသုံးတာ၊ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ လိုအပ်တဲ့ ဗီတာမင်ဆေးဝါးတေွ မှီဝဲတာတေွကိုလည်း ပြုလုပ်ပေးသင့်ပါတယ်နော်။
ကိုယ်ဝန်ဆောင်မေမေတေွ နောက်ထပ်လိုအပ်တာလေးကတော့ ကိုယ်လက်လှုပ်ရှားမှုလေး၊ ကျန်းမာရေးအတွက်သင့်တော်မယ့် လေ့ကျင့်ခန်းလေးတေွကိုလည်း ပြုလုပ်ပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ အိပ်စက်ချိန်လုံလောက်ဖို့ကလည်း ကိုယ်ဝန်ဆောင်မိခင်တေွအတွက် အရမ်းကိုအရေးကြီးပါတယ်နော်။ အဲ့ဒါကြောင့်လည်း အိပ်စက်ချိန်ကို လုံလောက်အောင်ပြုလုပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ အိပ်စက်ချိန်ဟာ တစ်ရက်ကို ၈ နာရီကနေ ၉ နာရီကြားရှိသင့်ပါတယ်နော်။
နောက်ထပ်လုံလောက်ဖို့တစ်ခုကတော့ ရေလုံလောက်အောင် သောက်သုံးဖို့ပါနော်။ မေမေတို့တေွဟာ နေ့စဉ် ရေဖန်ခွက် ၈ ခွက်ကနေ ၉ ခွက်အထိရှိသင့်ပါတယ်မေမေတို့ရေ။
မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် အမှျင်ဓာတ်လုံလောက်ဖို့လည်းလိုအပ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတေွထဲမှာ အမှျင်ဓာတ်ပါတဲ့အစားအစာက ၂၅ ဂရမ်ကနေ ၃၅ ဂရမ်ကြားရှိနေဖို့အတွက် ချိန်ညှိသင့်ပါတယ်။
မေမေတို့ရေ နောက်ထပ်ပြုလုပ်ရမယ့်အရာကတော့ ကိုယ်ဝန်ဆောင်မိခင်တေွကလည်း သွားကျန်းမာရေးပုံမှန်စစ်ဆေးပေးဖို့ပါ။ သွားကျနး်မာရေးကလည်း ကိုယ်ဝန်ဆောင်ဘဝ မိခင််ရော သန္ဓေသားရဲ့ကျန်းမာရေးအတွက် အရေးကြီးပါတယ်နော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝ သတိပြုရေှာင်ရှားဖို့လိုတာကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်မရှိဘဲ ဆေးဝါးတေွကို အလွယ်တကူမသောက်သုံးဖို့ပါ။ သာမာန်ဖျားနာတာလေးကအစ ကိုယ်ဝန်ဆောင်မဟုတ်တဲ့သူတေွလို အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးလေးတေွကို မသောက်သုံးမိစေဖို့အတွက် မေမေတို့က ဂရုစိုက်ရပါမယ်နော်။
နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မေမေတေွ ဆေးလိပ်ကိုလုံးဝရေှာင်ရှားဖို့လိုပါတယ်။ ကိုယ်တိုင်သောက်သုံးမှရယ်မဟုတ်ပါဘူး။ ဖေဖေတို့ကလည်း ဆေးလိပ်သောက်သုံးတတ်တယ်ဆိုရင် မေမေတို့က တားပေးပါနော်။ ဆေးလိပ်သောက်သုံးနေသူတေွအနီးမှာလည်း မနေသင့်ပါဘူး။ ရေှာင်ရှားပေးပါနော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ဘဝမှာ အကင်တေွကိုလည်းရေှာင်ရှားပေးပါနော်။ အသားကင်၊ ငါးကင်တေွကအစ ရယ်ဒီမိတ်အသားတေွကိုလည်း ကင်ပြီးစားတာ၊ ကြော်စားတာတေွကို ရေှာင်ရှားပေးပါနော်။
ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ ဓာတုပစ္စည်းတေွကို ထိတေွ့ကိုင်တွယ်မှု၊ ဓာတုဆေးဝါး၊ ပစ္စည်းတေွနဲဲ့ ဆက်စပ်နေရတဲ့ နေရာတေွကိုလည်း ရေှာင်ရှားပေးဖို့လိုပါတယ်။
မေမေတို့ရေ ကိုယ့်ရဲ့အကြိုက်ဆုံးတေွထဲမှာ ကော်ဖီပါတယ်ဆိုရင်တော့ သားသားမီးမီးလေးတေွကို မေှျာ်တေွးမြင်ယောင်ပြီး စွန့်လွှတ်လိုက်ပါနော်။ ကိုယ်ဝန်ဆောင်ဘဝမှာ ကော်ဖီကို လုံးဝမသောက်သင့်ပါဘူးနော်။
မေမေတို့ရေ ကောင်းမွန်စွာကျက်အောင်ချက်မထားတဲ့ အသားတေွကိုလည်း မေမေတို့ကမစားသင့်ပါဘူး။ အချို့နိုင်ငံတေွမှာ လတ်ဆတ်တဲ့အသားစိမ်းတေွစားတတ်ကြပါတယ်။ ဒီမှာတော့ အသားစိမ်းစားတာမျိုးမရှိပေမယ့် သေချာကျက်အောင်ချက်မထားတဲ့ အသားတေွကို မေမေတို့က မစားသင့်ပါဘူးနော်။
ကျန်းမာတဲ့ရင်သေွးလေးကို အဆင်ပြေချောမေွ့စွာ မေွးဖွားနိုင်ပါစေနော် ..
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)