မေမေတို့ရေ ဘေဘီလေးတေွကောင်းမွန်စွာအိပ်စက်နိုင်စေဖို့အတွက် မေမေတို့က နှိပ်နယ်ပေးဖို့ရပါတယ်နော်။ ဘေဘီလေးတေွကို မေမေတို့ကိုယ်တိုင်က နှိပ်နယ်ပေးပြီး သားသားမီးမီးလေးတေွ ကျန်းမာပျော်ရွှင်စေဖို့ ဖန်တီးပေးနိုင်ပါတယ်နော်။
မေမေတို့ရေ ဘေဘီလေးတေွရဲ့ လက်ချောင်းလေးတေွ လက်လေးတေွကို အသာအယာလေးလက်လေးနဲ့နှိပ်နယ်ပေးပါ။ လက်ချောင်းလေးတေွကစပြီး အပေါ်ဘက်ကိုတဖြည်းဖြည်းတက်ပြီး နှိပ်နယ်မှုလေး ပြုလုပ်ပေးပါနော်။
မေမေတို့ရေ လက်ပြီးရင်တော့ ခြေထောက်လေးတေွကို နှိပ်ပေးရမှာပါ။ ခြေချောင်းလေးတေွ၊ ခြေဖဝါးလေးတေွကို စတင်နှိပ်ပေးပြီး အဲ့ဒီကနေမှ ခြေသလုံးပေါင်လေးတေွအထိ အဆင့်တက်ပြီး နှိပ်ပေးလို့ရပါတယ်။ ခြေဖဝါးလေးတေွကိုနှိပ်နယ်ပေးတဲ့အခါမှာတော့ ဘေဘီလေးတေွဆော့တဲ့ ပုံပါဘုလေးတေွပါတဲ့ ဘောလုံးအပျော့လေးတေွကိုအသုံးပြုနိုင်ပါတယ်နော်။
နောက််တဆင့်နှိပ်နယ်ပေးဖို့ကတော့ ဘေဘီလေးတေွရဲ့ ကျောလေးတေွကို အသာအယာလေးနှိပ်ပေးဖို့ပါပဲ။ ကျောရိုးတစ်လေှျာက်နှိပ်ပေးတာ၊ ကျောလယ်မှာလက်နှစ်ဖက်ယှက်ပြီး ဘေးကိုဖြာထုတ်တဲ့ပုံစံမျိုးနဲ့လည်း နှိပ်နယ်ပေးနိုင်ပါတယ်။ မေမေတို့ရေ တစ်ခုသတိပြုပေးဖို့ကတော့ သားသားမီးမီးလေးတေွရဲ့အသားအရေ အရိုးအဆစ်တေွက နုနယ်တဲ့အတွက် နှိပ်နယ်ပေးတဲ့အခါမှာ ညင်ညင်သာသာလေးနှိပ်နယ်ပေးရမှာပါနော်။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင််နိုင်ကြပါစေ
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)