မေမေတို့ရေ သားသားမီးမီးလေးတေွကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ နေ့စဉ်တိုင်းမေမေတို့အနေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတေွ ရှိသင့်ပါတယ်နော်။ ဒါမှလည်း မေမေရော၊ ၀မ်းဗိုက်ထဲက ရင်သေွးလေးရော ကျန်းမာရေးကို ကောင်းမွန်စေမှာပါ။ အဓိကလိုအပ်တာကတော့ မေမေတေွအနေနဲ့ လမ်းလေှျာက်ပေးဖို့လိုပါတယ်။ ကိုယ်ဝန်လရင့်ချိန်မပေါ့မပါးနဲ့ မလှုပ်ချင်မရှားချင်ဘူးဆိုပေမယ့် လမ်းလေးတော့ ပုံမှန်လေှျာက်ပေးပါနော် မေမေတို့ရေ။
နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မေမေတေွအတွက် ရေကူးတာလည်းသင့်တော်ပါတယ်တဲ့။ ကျွမ်းကျင်သူတေွရဲ့ လမ်းညွှန်ပြမှုနဲ့အတူပြုလုပ်တဲ့ ရေကူးလေ့ကျင့်ခန်းကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ ယောဂလေ့ကျင့်ခန်းက မေမေတို့ရဲ့ သေွးလည်ပတ်မှုကိုကောင်းမွန်စေပြီး သန္ဓေသားဖွံ့ဖြိုးမှု၊ ကျန်းမာမှုအတွက် အထောက်အကူပြုစေပါတယ်နော်။
နောက်ထပ်ပြုလုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးကတော့ မေမေတို့လေ့ကျင့်ခန်းပြုလုပ်တဲ့ အချိန်မှာအသုံးပြုတဲ့ ဘောလုံးကြီးကိုမှီပြီး တင်ပျဉ်ခေွထိုင်နေတာကလည်း လေ့ကျင့်ခန်းပြုလုပ်သလိုပါပဲနော်။
မေမေတို့ရေ နံနက်ခင်းရဲ့နေနုလေးကိုမျက်နှာလေးမူပြီး နေခြည်နုနုလေးရဲ့ အနေွးဓာတ်လေးကိုလည်း ရယူသင့်ပါတယ်နော်။
နောက်ထပ်တစ်ခုကတော့ ယောဂလေ့ကျင့်တဲ့မေမေအတွက် ခက်ခဲမှုမရှိတဲ့ လေ့ကျင့်ခန်းလေးပါ။ ကိုယ်ဝန်ဆောင်ကာလမှာသေွးလည်ပတ်မှုကောင်းစေဖို့နဲ့ အညောင်းအညာပြေပြီး သန္ဓေသားရဲ့အနေအထားမှန်ကန်စေဖို့အတွက် ဘောလုံးကြီးပေါ်မှာ ခြေထောင်နှစ်ဖက်လုံးကိုတင်ပြီး လက်နှစ်ဖက်ကို လက်ဝါးနဲ့တစ်တန်းတည်းကြမ်းပြင်မှာထိကပ်ထားပြီး နေရမှာပါ။ ပုံစံလေးမှာပြထားတဲ့အတိုင်း အနေအထားမှန်ကန်အောင် ပြုလုပ်ပေးနိုင်ပါတယ်နော်။
မေမေတို့ရေ ဒီနည်းလမ်းလေးကတော့ စနစ်တကျပြုလုပ်ဖို့လိုပါတယ်နော်။ ဒူးကေွးထိုင်ပြီး လက်နှစ်ဖက်ကို အနောက်ဘက်ထောက်ပြီးကိုယ်ကိုပက်လက်ပုံစံညွတ်ရမှာပါ။ ဒီနည်းလမ်းလေးက အနေအထားမှားယွင်းခဲ့ရင် သန္ဓေသားကိုထိခိုက်နိုင်တာမို့ မေမေတို့က ဂရုပြုဖို့လိုပါတယ်နော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ အကလေ့ကျင့်ခန်းတေွကိုလည်း ပြုလုပ်ပေးသင့်ပါတယ်တဲ့။ ကတဲ့အခါမှာတော့ အခြားပေါ့ပါးသူတေွလို အရမ်းကြီးမခုန်ပေါက်မိဖို့ကတော့ မေမေတို့ရဲ့ တာဝန်ပါနော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ တရားမှတ်ဖို့လည်း မမေ့ပါနဲ့နော်။ စိတ်နှလုံးငြိမ်းချမ်းစေဖို့အပြင် မေမေနဲ့သန္ဓေသားရဲ့ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေဖို့အထောက်အပံ့ဖြစ်စေပါတယ်နော်။
မေမေတို့ရေ ငယ်စဉ်ကပြုလုပ်သလို အေရိုးဗစ်လေ့ကျင့်ခန်းလေးကလည်း ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ မေမေနဲ့ သန္ဓေသားလေးရဲ့ကျန်းမာရေးအတွက် သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုလေးမှာ အေရိုးဗစ်လေ့ကျင့်ခန်းလေးတေွလည်း ပါ၀င်နေပါတယ်မေမေတို့ရေ။
ကျန်းမာပျော်ရွှင်စွာနဲ့ ရင်သေွးလေးကို အဆင်ပြေချောမေွ့စွာမေွးဖွားနိုင်ပါစေ မေမေတို့ရေ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)