
ကိုယ်ဝန်သည်တေွဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အာဟာပြည့်ဝပြီး ကျန်းမာသန်စွမ်းတဲ့ ဘေဘီလေးများမေွးဖို့ အစားအသောက်က အဓိကကျသော်လည်း အချို့အစားအသောက်တေွကို တော့ ရေှာင်ကြဉ်ရပါတယ်။ ကိုဝန်ဆောင်အနေနဲ့ ဒူးရင်းသီးစားလို့ မရဘူးလို့၊ မစားသင့်ဘူးလို့ မှတ်ယူထားကြပါတယ်။

ဒူးရင်းသီးစားခြင်းဟာ သေွးတိုးခြင်း နှဲ့ ခေါင်းမူးတာတေွ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။ ဒူးရင်းသီးဟာ သာမာလူတေွ အနေနဲ့ အနံ့အနေအထားက ရိုင်းတယ်လို့ထင်ရပါတယ်။ သို့သော် ထူးဆန်းပြီး အရသာရိှရုံမှျမက အာဟာရဓာတ်များစွာပါဝင်တာကြောင့် လူကြိုက်များကြပါတယ်။ ဒူးရင်းသီး ၁၀၀ ဂရမ်တိုင်းမှာ ဗီတာမင်စီ ၃၃ ရာခိုင်နှုန်း၊ Thiamine ၃၁ ရာခိုင်နှုန်း၊ ဗီတာမင် ဘီ ၆ ၂၄ ရာခိုင်နှုန်း အသီးသီး ပါဝင်ပါတယ်။

ဒါ့အပြင် Folates၊ riboflavin၊ niacin၊ pantothenic acid နဲ့ ဗီတာမင်အေ များစွာ ပါဝင်ပါသေးတယ်။ ဒူးရင်းသီးဟာ အိုမင်းရင့်ရော်မှုကို၊ အသက်ကြီးရင့်မှုများကို တားမြစ်ပေးပြီး ကိုယ်ခန္ဓာက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ အရေးကြီးတဲ့ ဓါတ်တိုးပစ္စည်း တေွကို တိုက်ထုတ်ပေးနိုင်တယ်လို ဆိုထားပါတယ်။ ဒူးရင်းသီးမှာ သတ္တုဓာတ်တေွှဖစ်တဲ့ ကော့ပါး ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့် ၊manganese နဲ့ သံဓါတ် တို့ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒူးရင်းသီးဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေရုံသာမက စိတ်ကျေနပ်ချမ်းသာမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်တေွဒူးရင်းသီးစားခြင်းဟာ ကိုယ်ဝန်သည်ကို သေွးတိုးခြင်း ခေါင်းမူးခြင်းတေွ နဲ့ သန္ဓေသားကို ထိခိုက်စေနိုင်တယ်ဆိုပြီး ကိုယ်ဝန်ဆောင်မိခင်တေွ ဒူးရင်းသီးစားခြင်းကို တားမြစ်ကြပါတယ်။ သို့သော် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဒူးရင်းသီးမှာပါတဲ့ အဆီဟာ အသား၊ ငါးနဲ့ သံလွင်ဆီတေွမှာ တေွ့ရပါတယ်။ ဒါ့အပြင် ဒူးရင်းသီးမှာပါတဲ့ arachidonic acid ဟာလည်း ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ နဲ့ အဆီများတဲ့ ငါးတေွှဖစ်တဲ့ ဆယ်လ်မွန် နဲ့ မက်ကရယ် တေွမှာ ပါတဲ့ ကျန်းမာစေတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။

နိဂုံးအနေနဲ့ ဒူးရင်းသီးမှာ ကာဗွန်ဟိုက်ဒရိတ် အများအပြားပါဝင်တာကြောင့် အလွန်အကျှံစားသုံးသူတေွအနေနဲ့ ရောဂါဖြစ်စေနိုင်ပါတယ်။ သို့သော် အများသတ်မှတ်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တေွ ဒူးရင်းစားလို့မရဘူးဆိုတဲ့ အချက်က မှားယွင်းနေတာဖြစ်လို့ ကိုယ်ဝန်သည်တေွအနေနဲ့ ဒူးရင်းသီးစားလို့ရပါတယ်။ သို့သော် သာမာန်အချိန်တေွဒူးရင်းသီးစားသလို အများအပြားနဲ့ အလွန်အကျှံတော့ မစားသင့်ပါဘူ။ ခံတွင်းတေွ့ရုံမှျသာ စားသင့်ပါတယ်။
#ဇေဝန်းနေ(Kyarlay)