မေမေတို့ရေ သားသားမီးမီးလေးတို့ အသက် ရ လကိုရောက်လာပြီဆိုတာနဲ့ သူတို့လေးတေွရဲ့ ဖွံ့ဖြိုးမှုအတွက် ဘယ်လိုနည်းလမ်းလေးတေွနဲ့ လေ့ကျင့်ပေးနိုင်မလဲဆိုတာကို ကျားလေးက မှျဝေပေးချင်ပါတယ်နော်။ ဒီလေ့ကျင့်ပေးမှုတေွကို ဖေဖေ၊ မေမေတို့က စောင့်ကြပ်ကြည့်ရှုပြီး လိုအပ်တဲ့ ကစားစရာလေးတေွနဲ့အတူ ကြပ်မတ်လေ့ကျင့်ပေးမယ်ဆိုရင် ကလေးတေွရဲ့ဖွံ့ဖြိုးမှု၊ ကြီးထွားမှုသာမက ဦးနေှာက်ဉာဏ်ရည်ကောင်းမွန်မှုတေွကိုပါ အထောက်အပံ့ပေးနိုင်ပါတယ်နော်။
ဒီအရွယ်ကလေးတေွကိုတော့ မေမေ (ဒါမှမဟုတ်) ကလေးငယ်ချစ်ခင်နှစ်သက်သူ တစ်ဦးဦးနဲ့အတူ ရှာဖေွတမ်းကစားကြည့်ဖို့လိုပါမယ်။ ငယ်ငယ်တုန်းကဆော့ကစားတဲ့ တူတူရေဝါးဆိုတာမျိုးက ကလေးကို ချော့မြူရုံသက်သက်မဟုတ်ဘဲ ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုနိုင်ပါတယ်တဲ့။
နောက်ပြီး ဒီအရွယ်သားသားမီးမီးလေးတေွနဲ့အတူ မေမေတို့က ရုပ်ပုံကားချပ်လေးတေွ၊ အရုပ်ပုံပါစာအုပ်လေးတေွနဲ့လည်း ပြောပြပေးနိုင်ပါတယ်။ ကလေးငယ်တေွက လိုက်ပါပြောဆိုနိုင်စွမ်းမရှိပေမယ့် သူတို့တေွရဲ့ မှတ်ဉာဏ်တေွထဲမှာ ဒီရုပ်ပုံလေးတေွက စွဲနေစေမှာပါ။ မှတ်မိနေစေမှာပါ။ သူတို့ရဲ့မှတ်ဉာဏ်ကို အလုပ်ပေးပြီး အားကောင်းစေမယ့် လေ့ကျင့်မှုမျိုးဆိုရင်လည်း မမှားပါဘူး။
မေမေတို့ရေ သားသားမီးမီးလေးတေွအနီး အရောင်စုံလေးတေွကို ထားရှိပေးပြီး ရောင်စုံသစ်သားတုံးလေးတေွနဲ့ အတူဆော့ကစားစေခြင်းကလည်း ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်နော်။
မေမေတို့ရေ ဘေဘီလေးနဲ့အတူ မှန်ကြည့်တာက ဘာမှမဟုတ်ဘူးလို့ အထင်ရောက်နိုင်ပေမယ့် ဒါက ကလေးတေွသူတို့ကိုယ်သူတို့ပြန်လည်မှတ်မိစေဖို့၊ သူတို့ရဲ့မှတ်ဉာဏ်စွမ်းအားတေွကောင်းမွန်စေဖို့၊ သူတို့လေးတေွရဲ့ အမြင်အာရုံကောင်းမွန်စေဖို့အတွက် အကောင်းဆုံး လေ့ကျင့်နည်းတစ်ခုပါတဲ့။
မေမေတို့ရေ မေမေတို့ရဲ့ နောက်ထပ်တာဝန်လေးတစ်ခုကတော့ အိပ်ရာဝင်ပုံပြင်လေးတေွကို သားသားမီးမီးတို့အတွက် နေ့စဉ်ပြောပြပေးဖို့ပါပဲ။ အိပ်ခါနီးမှာ နို့တိုက်သိပ်တာအပြင် မေမေတို့ကိုယ်တိုင်ပြောပြပေးတဲ့ အိပ်ယာဝင်ပုံပြင်လေးတေွရဲ့ ရင်သေွးငယ်လေးတေွရဲ့ စိတ်ဓာတ်ခွန်အားတေွတိုးပွားစေပါသေးတယ်။ နောက်ပြီး ပုံပြင်စာအုပ်လေးတေွကို ရင်သေွးငယ်လေးကိုပြသပြီး မေမေတို့က ဖတ်ပြတာမျိုးကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
နောက်ထပ်လေ့ကျင့်ပေးသင့်တာလေးတစ်ခုကတော့ သားသားမီးမီးလေးတေွနဲ့အတူ ဖေဖေ၊ မေမေ၊ မိသားစုဝင်တေွ၊ ရင်နှီးတဲ့ ကလေးငယ်ချစ်ခင်သူတေွက အတူတူဆော့ကစားပေးဖို့လည်းလိုပါတယ်။ အရုပ်လေးတေွ၊ ချိတ်ဆက်ဆော့ကစားရတဲ့ ကစားစရာလေးတေွကို ကလေးငယ်လေးတေွနဲ့အတူ ဆော့ကစားပေးနိုင်ပါတယ်။
နောက်ပြီး ပစ္စည်းလေးတေွကို နေရာရေွ့ပေးပြီး ကလေးငယ်ကို သူနှစ်သက်တဲ့ ပစ္စည်းလေးတေွ၊ ကစားစရာလေးကို ကိုယ်တိုင်ကိုယ်ကျယူစေတာကလည်း ကလေးတေွရဲ့ ဖွံ့ဖြိုးမှုလေ့ကျင့်ခန်းတစ်ခုပါပဲ။
မေမေတို့ရေ ကလေးငယ်တေွအတွက် ကစားစရာလေးတေွကို ရေွးချယ်တဲ့အခါ ရိုးရိုးရောင်စုံကစားစရာလေးတေွအပြင် ကလေးတေွလှုပ်ရမ်းဆော့ကစားချိန်မှာ အသံလေးမြည်နေစေမယ့် ကစားစရာ (ဥပမာ-ဂျောက်ဂျက်လေးတေွ ...) နဲ့ဆော့ကစားစေဖို့လည်း လိုပါတယ်။ အကြားအာရုံကောင်းမွန်စွာခံစားတတ်စေဖို့အတွက်ပါ။
နောက်ပြီး ရင်သေွးငယ်လေးတေွနဲ့အတူတူ လူကြီးမိဘတေွက လက်ခုပ်တီးပေးဖို့လည်း လိုပါတယ်တဲ့။ ကလေးတေွအနေနဲ့ အသံလာရာအနေအထား ကွဲပြားမှုတေွကို သိရှိခံစားနိုင်ပြီး အကြားအာရုံခံစားတတ်မှုတေွအတွက် အထောက်အကူပြုစေမှာပါ။
မေမေတို့ရေ လူကြီးတေွဆိုရင်တော့ ပစ္စည်းလေးဖွက်တဲ့အခါ မမြင်ရတဲ့ ခွက်လေးတေွနဲ့အကြေွစေ့လေးထည့်ပြီး လက်လှည့်ဖွက်ကြတယ်နော်။ ကလေးငယ်လေးတေွနဲ့ လေ့ကျင့်ပေးဖို့ကတော့ ဖန်ခွက်အကြည်လေးထဲမှာ ကလေးတေွသဘောကျတဲ့ ကစားစရာပစ္စည်းလေးထည့်ပြီး လက်လှည့်ပြီးတော့မှ ရေွးချယ်ညွှန်ပြစေပြီး မှန်ကန်တဲ့အခါ ချီးကျူးပြောဆိုပေးတာမျိုး လေ့ကျင့်ပေးပါ။ ကလေးတေွရဲ့ ဘက်စုံဖွံ့ဖြိုးမှုတေွမှာ အထောက်အကူပြုစေပါလိမ့်မယ်နော်။
မေမေတို့ရေ ဒီအရွယ်ကလေးငယ်တေွအတွက် နောက်ထပ်လိုအပ်တာလေးကတော့ မီးအလင်းလေးနဲ့ ဆော့ကစားပြီး အရိပ်ထွက်တာလေးကို သင်ကြားပေးဖို့ပါပဲ။
မေမေတို့ရေ လက်ဆောင်ပစ္စည်းဗူးလေးတေွကို ကလေးတေွကို ကိုယ်တိုင်ကိုယ်ကျဖောက်ယူစေခြင်းကလည်း ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတေွအတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်နော်။
မေမေတို့ရေ လက်လေး၊ ခြေလေးတေွကို အကေွးအဆန့်လေးနဲ့ လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လည်းလိုပါတယ်။ ဒါမှလည်း ကလေးငယ်ရဲ့ ခြေ၊ လက် အရိုး၊ အဆစ်လေးတေွကို အထောက်အပံ့ပေးနိုင်မှာပါ။
မေမေတို့ရေ ဒီအရွယ်မှာ သားသားမီးမီးလေးတေွကို ရေချိုးပေးတဲ့အခါ ရေချိုးဇလုံလေးထဲ ရောင်စုံဘောလုံးလေးတေွ၊ ရေပေါ်မှာပေါ်တဲ့ အရုပ်သေးသေးလေးတေွကို ထည့်ထားပေးပြီး ဆော့ကစားစေလို့လည်းရပါတယ်တဲ့။ ရေထဲမှာရှိတဲ့ အရုပ်တေွကို ယူတာ၊ ဖယ်ရှားပစ်တာမျိုးတေွနဲ့ လက်ချောင်းလေးတေွရဲ့ အားအတွက် လေ့ကျင့်ခန်းတစ်ခုဖြစ်စေပါတယ်တဲ့မေမေတို့ရေ။
ကဲ ဒီနည်းလမ်းလေးတေွအတိုင်း သားသားမီးမီးတို့ရဲ့ဖွံ့ဖြိုးမှုတေွအတွက် အထောက်အပံ့ဖြစ်အောင် လေ့ကျင့်ပေးလိုက်ရအောင်နော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)