
ကိုယ်ဝန်ဆောင်ချိန်မှာ အကောင်းဆုံးကတော့ ဆံပင်အတိုညှပ်ထားခြင်းပါ။ ဆံပင်ရှည်နေရင် စိတ်အနေှာက်အယှက်ဖြစ်ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ရှည်နေတဲ့အတွက်ကြောင့် ခေါင်းလျော်တဲ့အခါ ခေါင်းလျော်ခြင်းကို တော့ အထူးသတိထား ဆင်ခြင်ရပါ့မယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်သည်မိခင်တေွဟာ စိတ်ရှုပ်ထေွးတတ်ကြပါတယ်။ စိတ်ရှုပ်ထေွးရတဲ့အကြောင်းအရင်းတေွထဲမှာ ဆံပင်ရှည်ပြီး ရှုှုပ်ထေွးခြင်းတေွကြောင့်ဆိုတာလည်း အပါအဝင်ဖြစ်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့်ပဲ အစပိုင်းမှာ ဆံပင်တေွသန်စွမ်းလာပြီး နောက်ပိုင်းအချိန်များမှာ ဆံပင်ကျှတ်ခြင်းများ တေွ့ကြုံရပါတယ်။ ဒီနေ့ပြောပြချင်တာက ကိုယ်ဝန်ဆောင်တေွအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဓာတုဗေဒပစ္စည်းတေွကို မသုံးပဲ ဆံပင်ညှပ်လို့ ရပါတယ်ဆိုတာကို ဖော်ပြပေးချင်တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့လည်း ကို်ယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဆံပင်အတိုညှပ်ထားလို့ရပါတယ်။

ဟိုးအရင်တုန်းကတော့ ကိုယ်ဝန်ဆောင်တေွ ဆံပင်ညှပ်တာနဲ့ပတ်သက်ပြိး အယူအဆတေွရိှခဲ့ကြပါတယ်။ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကိုယ်ဝန်ဆောင်တေွအနေနဲ့ ဆံပင်အတိုညှပ်တာ အကောင်းဆုံးပါ။ တစ်ခုသတိထားရမှာက ကိုယ်ဝန်ဆောင်နေစဉ် ခေါင်းလျော်ခြင်းကိုတော့ သတိထားရပါ့မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆံပင်ရှည်တာကြောင့် ခေါင်းလျော်တဲ့အခါ ခေါင်းကိုအချိန်ပေးလျော််ရခြင်း၊ ခြောက်အောင် အချိန်ပေး သုတ်ရခြင်းများကြောင့် အခန့်မသင့်ရင် အအေးမိတာတေွ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်အတိုညှပ်ထားမယ်ဆိုပါက အဆိုပါ ပြဿနာတေွ လျော့နည်းသွားမှဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တေွ ရှည်လာပြီး ထူလာတာကြောင့် ဆံပင်ညှပ်တဲ့အခါ ဓာတုဗေဒပစ္စည်းမသုံးပဲ ရိုးရိုညှပ်ပေးတာက ကိုယ်ဝန်ဆောင်အတွက်ရော၊ သန္ဓေသားအတွက်ပါ ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။ ဒါတင်မက ဆံပင်ညှပ်ပြီးပါကလည်း ဓာတုဗေဒ ဆိုးဆေးတေွ၊ စပေရေးသုံးတာ၊ အဖြောင့်တေွ အကောက်တေွလုပ်တာ၊ ဖယောင်းသွင်းတာ စသဖြင့်ပြုလုပ်ခြင်းမျိုးကို အထူးရေှာင်ကြဉ်ရပါမယ်။
#ဇေဝန်းနေ(Kyarlay)