
ခုဆိုရင် စျေးကွက်တေွထဲမှာ အကျင်္ ီတေွပေါ်ကအစွန်းအထင်းတေွကိုဖယ်ရှားတဲ့ဆေးတေွအများကြီးရှိလာပါပြီနော်။
ဒါပေမယ့် ဒီအစွန်းချွတ်ဆေးတေွက ကလေးတေွရဲ ့အရေပြားကိုထိခိုက်စေနိုင်ပါတယ်။
အစွန်းချွတ်ဆေးကို အိမ်ကမီးဖိုချောင်ထဲမှာ ရှိတဲ့ပစ္စည်းလေးတေွနဲ ့လဲပြုလုပ်လို ့ရပါတယ်နော်။
ကိုယ့်ရဲ ့ကလေးလေးဟာ အမြဲလိုလိုပဲ ဆီတေွ ၊စားစရာတေွနဲ ့ဖျော်ရည်တေွကို အကျင်္ ီပေါ်မှာမေှာက်ကျလေ့ရှိတယ်ဆိုရင်တော့ ဒီလို သဘာဝနည်းလေးကိုသုံးသင့်ပါတယ်။
အရောင်နဲ ့အကျင်္ ီတေွပေါ်က အစွန်းအထင်းတေွကို ဖယ်ရှားနိုင်မယ့်နည်းလမ်းတေွ~

ကိုယ်အရမ်းကြိုက်တဲ့အကျင်္ ီပေါ်မှာ စွန်းထင်းသွားတဲ့အခါ လူတိုင်းအတွက် စိတ်ထိခိုက်စရာတစ်ခုပါပဲ။
အကျင်္ ီပေါ်မှာစွန်းထင်းသွားတဲ့အခါ အိမ်မှာရှိတဲ့ပစ္စည်းလေးတေွနဲ ့အစွန်းချွတ်တဲ့နည်းလေးတေွကိုပြောပြပေးသွားပါမယ်။
၁- ရှာလကာရည်ကိုအသုံးပြုခြင်း......
ရှာလကာရည်ဟာ သန် ့ရှင်းအောင်လုပ်တဲ့နေရာမှာ နံပါတ်၁ပါပဲ။
အကျင်္ ီပေါ်မှာ အမဲဆီတေွ ၊ ဆီတေွ ၊၀ိုင်တေွ စွန်းထင်းတဲ့အခါမှာ အစွန်းတေွကိုဖျောက်ဖို ့အသုံးပြုနိုင်ပါတယ်။
ရှာလကာရည် ၂ဆ ရေ၁ဆရောပြီး အကျင်္ ီကိုတစ်ညစိမ်ထားပြီးနောက်နေ ့မှာ ဆပ်ပြာနဲ ့လေှျာ်ရင် နဂိုအတိုင်းပြန်ရပါပြီ။
roll-on တေွကြောင့်ဖြစ်တဲ့ အကျင်္ ီပေါ်ကအစွန်းတေွကိုလဲ ရှာလကာရည်နဲ ့ရေနေွးပူပူရောပြီးနောက် တစ်ညစိမ်ပြီး နောက်နေ ့ပြန်လေှျာ်လိုက်တာနဲ ့ပြန်ကောင်းစေမှာပါ။
၂-ကြက်ဥကိုအသုံးပြုခြင်း......

ကြက်ဥနဲ ့အစွန်းတေွကိုချွတ်မယ်လို ့ပြောရင် အံ့အားသင့်ပါလိမ့်မယ်။
ကြက်ဥကိုသုံးတဲ့အခါ အထဲက အနှစ်ကိုဖယ်ရပါမယ်။
အကာကိုရေနဲ ့ရောပြီး အစွန်းနေရာကို လက်နဲ ့ပွတ်ပါမယ်။ ရေနဲ ့သေချာပြောင်အောင်လေှျာ်ပြီး ဆပ်ပြာနဲ ့ပြန်လေှျာ်လိုက်ရင်ရပြီနော်။
၃-ရေှာက်သီး၊ သံပုယိုသီးကိုသုံးခြင်း.....
ရေှာက်သီး၊သံပုယိုသီးတေွဟာ သန် ့ရှင်းအောင်လုပ်တဲ့နေရာမှာ အင်မတန်ကောင်းပါတယ်။
အရည်ညှစ်ပြီး အစွန်းရှိတဲ့နေရာကို ၁နာရီလောက်စိမ်ထားပါ။
ပြီးရင် ဆပ်ပြာနဲ ့လေှျာ်လိုက်တဲ့အခါနဂိုအတိုင်းရပါပြီ။
ဒီနည်းကို ကော်ဖီ ၊ချေွးစတဲ့ အစွန်းအထင်းတေွမှာသုံးနိုင်ပါတယ်နော်။
၄-နွားနို ့ကိုသုံးခြင်း......

၀ိုင်တေွ ၊ မှင်တေွ စွန်းတဲ့အခါ နွားနို ့ကိုသုံးပေးပါ။
အဝတ်သန် ့သန် ့လေးတစ်ခုမှာနွားနို ့လေးစွတ်ပြီး အစွန်းနေရာကို စက်ဝိုင်းပုံစံပွတ်ပေးပါ။
ပြီးရင်အခြောက်ခံပါ။
ခြောက်သွားရင်လေှျာ်နေကြအတိုင်းလေှျာ်ပေးလိုက်တာနဲ ့နဂိုအတိုင်းပြန်ရပါပြီ။
၅-ကလေးပေါင်ဒါမှုန် ့
ဆီတေွကွက်တဲ့အခါ ဆီကွက်ပေါ်မှာ ပေါင်ဒါမှုန် ့ကိုဖြူးပြီး အခြောက်ခံထားပါ။
ပြီးရင်လေှျာ်လို ့ရပါပြီ။
၆-သံလြင္ဆီ

ချွတ်ရအခက်ဆုံးကိုပြောရရင် လက်သည်းနီစွန်းတာပါပဲ။
ပထမဆုံးအစွန်းရဲ ့အပေါ်မှာ စက္ကူတစ်ခုတင်ပါ။
နားဖာချေးကလော်တဲ့ ဂွမ်းချောင်းလေးမှာ သံလွင်ဆီကိုစွတ်ပြီး အကျင်္ ီရဲ ့အတွင်းဘက်ကနေပွတ်ပေးပါ။
ပြီးရင် ဆပ်ပြာနဲ ့လေှျာ်လိုက်တဲ့အခါ နဂိုအတိုင်းပြန်ရစေမှာပါ။
အိမ်တွင်းသုံးတဲ့ပစ္စည်းလေးတေွနဲ ့အစွန်းထင်းလေးတေွကိုချွတ်ကြမယ်နော်..
TZWMA(Kyarlay)