
အခုအချိန်မှာတော့ကလေးငယ်များဟာ အချိုနဲ့ ကယ်လိုရီများပြားပြီး လမ်းဘေးစာများကို အစားများလာတာတေွ့ရမှာပါ။ အသီးအရွက်များကတော့ ကြွယ်ဝတဲ့ ဗီတာမင်၊ အာဟာရဓာတ်များနဲ့ ထုပ်ပိုးထားပြီး ကလေးငယ်များဖွံဖြိုးမှုအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

အသီးအနှံများကိုစားသင့်ရတဲ့ အကြောင်းကတော့ အသီးအနှံများမှာ ကယ်လိုရီဓာတ်များပြားစွာမပါဝင်သည့်အပြင် အစားအစာများမှာပါ၀င်တဲ့ ကယ်လိုရီဓာတ်ကို လေှျာ့ချပေးပြီး အဝလွန်ခြင်းကိုပါ လေှျာ့ချပေးပါသေးတယ်။ အသီးများက ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် ရောဂါများဝင်ရောက်မှုကိုလည်းတားဆီးပေးပါသေးတယ်။

ဒါ့အပြင် အသီးအနှံများက ဆီးချိုရောဂါ၊နှလုံးဖောက်ခြင်း၊ အမြင်အာရုံပြဿနာများနဲ့ ကင်ဆာ၊တို့ကိုထိန်းချုပ်ပေးပြီး အစာချေဖျက်မှုကိုပါ ကောင်းမွန်စေပါသေးတယ်။ ပန်းသီး၊ ဘလူးဘယ်ရီ၊ ထောပတ်သီးတို့က ခန္ဓာကိုယ်မှာ ရှိတဲ့အဆိပ်များချေဖျက်ရာမှာပါ အကူအညီပေးတဲ့အတွက် ကျောက်ကပ်ကျောက်တည်ခြင်းကိုပါတားဆီးပေးပါတယ်။

အစိမ်းရောင်အရွက်များက်ိုစားပေးခြင်းဖြင့် တည်ငြိမ်စွမ်းအင်ပေးစွမ်းနိုင်မှာဖြစ်ပြီး သကြားကဲ့သို့ အလျင်အမြန်ကုန်ဆုံးသွားမှာမဟုတ်သည်ကိုတေွ့ရမှာပါ။ အရွက်များကို ပုံမှန်စားပေးခြင်းဖြင့် ကင်ဆာအမျိုးအစားများနဲ့ နာတာရှည်ရောဂါများကိုသက်သာပျောက်ကင်းစေမှာပါ။ အရွက်များကို နည်းမျိုးစုံနဲ့ စားသုံးနိုင်ပြီး အာနိသင်ကတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

အရွက်များကလည်းရာသီတုပ်ကေွးနဲ့ အအေးမိချောင်းဆိုးခြင်းများ မဖြစ်စေရန် ကိုယ်ခံအားမြှင့်တင်ပေးပါသေးတယ်။အဲ့အပြင်အရွက်များက အူမကြီးကင်ဆာ၊ သေွးဖိအားများခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ဖေဖေမေမေတို့က ကလေးငယ်လေးတေွကိုကျေွးပေးရမယ်နော်။
MiGI