မေမေတို့ရေ သံဓာတ်က ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ကို တစ်နေရာကနေ တစ်နေရာကိုပို့ဆောင်ပေးတဲ့ လုပ်ငန်းမှာ အဓိကဇာတ်လိုက်အဖြစ် ပါ၀င်ပါတယ်။ ဦးနေှာက်အပါအဝင် ကိုယ်အင်္ဂါအားလုံးရဲ့ ကလာပ်ဆဲလ်တေွဟာ အလုပ်လုပ်ဖို့ အင်အားထုတ်လုပ်ရာမှာ အောက်စီဂျင်ကို မရှိမဖြစ်အသုံးပြုဖို့လိုပါတယ်။ အောက်စီဂျင်သယ်ပို့တဲ့လုပ်ငန်းကိုတော့ သေွးထဲမှာရှိတဲ့ ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်ပေါင်းက ဆောင်ရွက်တာပါ။ အဲ့ဒီဟေမိုဂလိုဘင်ဓာတ်ပေါင်းမှာတော့ သံဓာတ်က အဓိကအနေနဲ့ ပါ၀င်နေတာပါ။
နောက်ပြီး အမိ၀မ်းကကျွတ်လာတဲ့ ကလေးတေွရဲ့ ဦးနေှာက်ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ သံဓာတ်ရဲ့အခန်းကဏ္ဍဟာ အောက်စီဂျင်သယ်ပို့ပေးရုံသက်သက်မဟုတ်ဘဲ ထူးခြားတဲ့အခြားလုပ်ငန်းစဉ်တေွကိုလည်း ဆောင်ရွက်ပေးပါတယ်နော်။ သံဓာတ်ချို့တဲ့ တဲ့ကလေးငယ်တေွမှာတော့ မှတ်ဉာဏ်နဲ့ သိရှိနားလည်စဉ်းစား ဆင်ခြင်မှုဆိုင်ရာ အရည်အသေွးတေွ နိမ့်ကျနိုင်ပါတယ်။ သံဓာတ်ချို့တဲ့နေတဲ့ကလေးတေွရဲ့ ဦးနေှာက်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်းအချို့မှာ ဆဲလ်တေွရဲ့ axon တေွဟာ myelin အဆီလွှာနည်းနေတာကို တေွ့ရပါတယ်တဲ့။ နောက်သံဓာတ်ချို့တဲ့သူတေွရဲ့ ဦးနေှာက်ရဲ့အလုပ်လုပ်နိုင်စွမ်းတေွကကျဆင်းနေတယ်လို့ ဆိုပါတယ် မေမေတို့ရေ။
(အာဟာရဆရာဝန်ကြီး ဒေါက်တာဦးလှကြည်ရေးသားသည့် ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)