Kyarlay.com

almost 2 years

ညှစ်ထားသောနို့ကိုဘယ်လိုသိမ်းမလဲ


Otmv04eogjyackslpfj7

ညှစ်ပြီးကာစ လတ်လတ်ဆတ်ဆတ်နို့ရည်သည်
အခန်းတွင်း အပူချိန်
၂၅ ဒီဂရီစင်တီဂရိတ် မှ ၃၇ ဒီဂရီစင်တီဂရိတ်တွင် ၄နာရီ၊
၁၅ ဒီဂရီစင်တီဂရိတ် မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင် ၈ နာရီ၊
၁၅ ဒီဂရီစင်တီဂရိတ် အောက်တွင် ၂၄ နာရီ သိမ်းထားနိုင်ပါတယ်။

ရေခဲသေတ္တာ၏ ရေခဲစေနိုင်သော (Freezer) တွင် ညှစ်ထားသောနို့ကို ထားပါက ၂ပတ် (၁၄) ရက်အထိ ထားနိုင်ပါတယ်။

ရေခဲသေတ္တာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ် မှ ၄ဒီဂရီစင်တီဂရိတ်တွင် နို့ရည်ကို (၈)ရက် ကြာ ရေခဲသေတ္တာ၏
ရေခဲစေနိုင်သော (Freezer) တွင် သိမ်းထားလို့ရပါတယ်။

ဒါပေမယ့် ၂ရက်မှ ၅ရက်အတွင်း တိုက်ပါက ပို၍ကောင်းပါတယ်။


ရေခဲသေတ္တာထဲတွင် ထည့်ထားသောနို့ရည်ကို ရေနွေးထည့်ထားသော ခွက်တွင် ထည့်စိမ်ပြီး နွေးနိုင်သည်။

အေးခဲထားသော နို့ရည်ကို မိုက်ခရိုဝေ့ (microwave) ထဲတွင် မည်သည့် အခါမျှ ဆူစေခြင်း၊ အပူပေးခြင်း မလုပ်ရပါ။