စျေး မီဒီယာ
အခြား

ကိုရေွှငါးနဲ့ သီးစုံပေါင်းစပ်လက်ရာ စားစရာ ...

Posted by Harry May 30, 2018
B9w8rqlygsjuribxk5ys

မေမေတို့ရေ ဒီကနေ့မှာတော့ သားသားမီးမီးလေးတေွရဲ့ အာဟာရအတွက် လတ်ဆတ်တဲ့ငါးလေးနဲ့ လတ်ဆတ်တဲ့သီးနှံလေးတေွကို ရောပြီး ဖြည့်စွက်စာလေးတစ်ခု စီစဉ်လိုက်ရအောင်နော်။ ဒီဖြည့်စွက်စာလေးကိုတော့ အသက် ၉ လနဲ့အထက် ဘေဘီလေးတေွကို စတင်ကျေွးလို့ရပါပြီနော်။ ဒီဖြည့်စွက်စာလေးရဲ့အမည်ကိုလည်း သားသားမီးမီးသဘောကျစေဖို့ ကိုရေွှငါးနဲ့ သီးစုံပေါင်းစပ်လက်ရာ လို့အမည်ပေးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ...
- တူနာငါး (သို့) လတ်ဆတ်သည့် ငါးကြင်း၊ ငါးမြစ်ချင်းအသားလွှာပြီး ... ၁၀ ကျပ်သား
- မုန်လာဥနီ .... အကြီး ၁ ဥ
- ဘိုစားပဲသီး .... ၁၀ တောင့်
- အာလူး .... အကြီး ၁ လုံး
- ကြက်သွန်နီ .... အသေး ၁ လုံး
- ခရမ်းချဉ်သီး .... အကြီး ၁ လုံး
- အိုင်အိုဒင်းဆား ... အနည်းငယ်
- နနွင်းမှုန့် ... အနည်းငယ်
- ထောပတ် ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ....
- ဦးစွာအသုံးပြုမည့် အသားသီးသန့်လွှာပြီးငါးကို သန့်စင်အောင်စစ်ဆေးပါ။ မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးသေးသေးလေးများတုံးထားပါ။
- ဘိုစားပဲသီးကို ရေစင်အောင်ဆေး အကြောဖယ်ပြီး အတုံးသေးလေးများလှီးထားပါ။
- အာလူးကို အခွံခွာရေဆေးပြီး အတုံးသေးလေးများတုံးထားပါ။
- ကြက်သွန်နီကို အခွံခွာရေဆေးပြီး နုတ်နုတ်စင်းထားပါ။
- ခရမ်း်ချဉ်သီးကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးများဖြစ်အောင်တုံးထားပါ။
- ပြီးလှျင် အိုးသန့်သန့်တစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ပါ။
- ထောပတ်ပျော်သွားပါက ကြက်သွန်နီ၊ ခရမ်းချဉ်သီးထည့်၍ ဆီသတ်ပါ။ နနွင်းမှုန့်တစ်ခါတည်းထည့်ပြီး ဆီသတ်ပါ။ (နနွင်းမထည့်လည်းရပါတယ်)
- ပြီးလှျင် မုန်လာဥနီ၊ ဘိုစားပဲ၊ အာလူးတို့ကို ထည့်ပြီးမေွှပါ။ ငါးထည့်မေွှပါ။
- အိုင်အိုဒင်းဆားထည့်မေွှပေးပါ။ ဆီသတ်အနံ့မေွှးလာပြီး အနံ့လေးသင်းလာပါက ရေသန့် တစ်လီတာဗူးတစ်ဝက်ခန့်ထည့်မေွှပြီး အဖုံးပိတ်ထားပါ။
- ရေဆူပွက်လာပါက အဖုံးဖွင့်မေွှပေးပြီး ရေခမ်းသည်အထိ အိုးတည်ထားပါ။
- ရေခမ်းပြီး ပါ၀င်ပစ္စည်းများနူးအိသွားပါက မီးဖိုပေါ်မှချပြီး အဖတ်များမကျန်အောင်ဇွန်းဖြင့် ချေပြီး အအေးခံကာ ရင်သေွးငယ်များကို ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။

မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.