
ပျားရည်ဟာ သဘာဝအချိုဓာတ်ဖြစ်ပြီး အာဟာရဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ ကလေးငယ်များရဲ့ အစားအစာများမှာ သကြားအစားထိုးအနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။ ထို့အတွက် ပျားရည်ဟာ ကလေးငယ်များအတွက် စိုးရိမ်စရာ မရှိဘဲ ကျေွးနိုင်သောအစားအစာဖြစ်ပါတယ်။

ပျားရည်ဟာ ကလေးငယ်များ အအေးမိချောင်းဆိုးခြင်းကို ကုသပေးနိုင်ပါတယ် အန်တီမိုက်ခရိုဘိုက်ရယ် နဲ့ အနာကျက်စေသောဂုဏ်သတ္တိရှိသောကြောင့် အင်းဆက်ပိုးမွှားများကိုက်ခြင်း၊ မီးလောင်ခြင်း၊ ရေနေွးပူလောင်ခြင်းနဲ့ အနာရခြင်းတို့ကိုသက်သာစေပါတယ်။

ပျားရည်နဲ့သံလွင်ဆီကိုရောစပ်အသုံးပြုမယ်ဆို အသားအရည်ပျက်စီးခြင်းကို သက်သာစေပါတယ်။ ဖိုက်တိုကယ်မီကယ်၊ သတ္တုဓာတ်များနဲ့ ဖလေဗိုနွိုက် ပါ၀င်သောကြောင့် အစာချေဖျက်ခြင်းကို လွယ်ကူစေပါတယ်။ဒ့ါအပြင်ပျားရည်က သေွးအတွင်းက သကြားပါ၀င်မှုပမာဏ ကိုလည်းလေှျာ့ချပေးပါသေးတယ်။ အကျိုးဆက်အနေနဲ့ အသည်းရဲ့ လုပ်ဆောင်ချက်များကိုလည်းအကူအညီပေးပါသေးတယ်။

ပျားရည်အစိမ်းကို ဘာမှမစားခင်စားပေးခြင်းဖြင့် ၀မ်းချုပ်ခြင်းနဲ့ မအီမသာဖြစ်ခြင်းကိုလည်းသက်သာစေပါသေးတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်များလည်းပါ၀င်ပါသေးတယ်။ ပျားရည်ဟာ လည်ချောင်းနာခြင်းအတွက်လည်း သဘာဝဆေးနည်းတစ်ခုဖြစ်ပါတယ်။ သစ်ကြားပိုးနဲ့ ပျားရည်ကို တွဲစပ်အသုံးပြုခြင်းဖြင့် ကလေးငယ်များ သွားကိုက်သွားနာဖြစ်ခြင်းမှလည်း ကုုသနိုင်ပါသေးတယ်။

ကလေးငယ်များကိုယ်အလေးချိန် မြှင့်တင်ရာတွင်လည်း ပျားရည်ကို အသုံးပြုနိုင်ပြီး ကလေးငယ်များပန်းနာရင်ကြပ်ဖြစ်ရင်လည်း ကုသနိုင်ပါသေးတယ်။ ပျားရည်က ကိုယ်ခံအားကို မြင့်တင်ပေးတဲ့အတွက် သေွးအားနည်းခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ အသက်အရွယ်ကြီးလာချိန်မှာလည်း သိမှုစွမ်းရည်ကိုမြှင့်တင်ပေးပြီး ငယ်စဉ်အရွယ်မှာတော့ ကလေးငယ်ရဲ့ မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ဒီလိုကောင်းကျိုးအရမ်းများတဲ့ ပျားရည်ကို ဖေဖေ မေမေ တို့က ကလေးငယ်လေးတေွကိုကျေွးပေးရမယ်နော်။
MiGi