မေမေတို့ရေ မုန်တိုင်းတေွလည်း ၀င်နေပါတယ်။ အခုရက်ထဲမိုးတေွလည်း ဆက်တိုက်ရွာနေပြီး နောက်ရက်ပိုင်းလေးအတွင်းမှာလည်း မိုးတေွဆက်ရွာဖို့ရှိတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားတာရှိပါတယ်နော်။ အဲ့ဒီအတွက် မေမေတို့က သားသားမီးမီးလေးတေွကို နေွးနေွးထေွးထေွးလေးတေွထားပေးဖို့အတွက် ကျားလေးက တဆင့်နှုိးဆော်ပေးလိုက်ပါတယ်နော်။
မေမေတို့ရေ ဘေဘီလေးတေွအရွယ်မှာ ရင်သေွးငယ်လေးရဲ့ငယ်ထိပ်လေးက အဓိကဖြစ်လို့ အခုလိုအေးစိမ့်နေတဲ့အချိန်မှာ ကလေးငယ်ရဲ့ ငယ်ထိပ်လေးကို ဂရုတစိုက်နဲ့ နေွးနေွးထေွးထေွးထားရှိပေးဖို့လိုအပ်ပါတယ်နော်။
နောက်ပြီးဒီရက်တေွမှာ အတတ်နိုင်ဆုံး ဘေဘီလေးတေွကို အပြင်ခေါ်မသွားဖို့လိုပါတယ်နော်။ ကလေးငယ်လေးတေွအရွယ်မှာ အခန့်မသင့်လို့ မိုးမိသွားခဲ့ရင် အဖျားဝင်ရာကတဆင့် တုပ်ကေွးဘက်ကိုရောက်သွားနိုင်တာကြောင့် ကလေးငယ်တေွ အအေးမမိစေဖို့အတွက် မေမေတို့က အထူးဂရုစိုက််ပေးဖို့လိုပါတယ်နော်။ နေအိမ်မှာလည်း နေွးထေွးစွာထားပြီး အအေးမမိစေဖို့အတွက် ဂရုစိုက်ပေးပါနော် မေမေတို့ရေ။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)