 
 
                      မေမေတို့ရေ အချို့မေမေတွေက tape ဒိုက်ဗာလေးတွေကို ဘေဘီလေးတွေကို ဝတ်ပေးဖို့အတွက် ခဲယဉ်းမှာ စိုးရိမ်တတ်ကြပါတယ်။ ဘောင်းဘီလးတွေကတော့ ဘောင်းဘီလေးဝတ်ပေးသလို အလွယ်တကူဝတ်ပေးလို့ရတယ်ဆိုပေမယ့် ကလေးငယ်ရွယ်စဉ်မှာတော့ ကပ်ခွာလေးက ပိုမိုပြီးဝတ်ဆင်ပေးရလွယ်ကူပါတယ်နော်။ ကပ်ခွာဒိုက်ဗာလေးတွေကို အလွယ်တကူဘယ်လိုဝတ်ဆင်နိုင်မလဲဆိုတာကို ပုံလေးတစ်ပုံချင်းကြည့်ပြီး ဝတ်ပေးလိုက်ပါဦးနော်။
 
 
                                  အရင်ဆုံးကလေးကို ခြေထောက်လေးကနေမပြီး ကပ်ခွာဒိုက်ဗာလေးကို ကလေးရဲ့တင်ပါးအောက်ကိုထည့်ရပါတယ်။ တိပ်ကပ်ခွာပါတဲ့ အပိုင်းကို ကလေးရဲ့အောက်ဘက်ကို ထားရမှာပါ။
 
 
                                  ပြီးရင်တော့ အပေါ်ပိုင်းဒိုက်ဗာလေးကို ကလေးရဲ့ ဗိုက်ပေါ်အုပ်ချပေးပါ။ ကလေးရဲ့ အနေအထားကိုတော့ မှန်ကန်တည့်မတ်အောင် ကြည့်ပေးဖို့လိုပါတယ်နော်။
 
 
                                  ပြီးတဲ့အခါမှာတော့ တိပ်ကပ်ခွာလေးကို ဗိုက်ပေါ်သို့ တစ်ဖက်စီအလေှျာ့အတင်းချိန်ပြီး ကပ်ပေးပါ။
 
 
                                  
                                    ပြီးတဲ့အခါမှာတော့ ကလေးကို ဒိုက်ဗာအလျှော့အတင်း၊ အတင်းအကျပ်ကို ကြည့်ရှုပြီး အပေါ်က အဝတ်အစားထပ်ပြီး ဝတ်ဆင်ပေးလို့ရပါပြီနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
         မေတ္တာမွန်ဖြင့် 
            ကျားလေး
                                
