
ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက်တော့ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ သန္ဓေသားကို ဝမ်းဗိုက်ထဲမှာ ကိုးလတိတိ လွယ်ထားရပြီး တစ်ချိန်လုံး ဘေးအန္တရာယ် မကျရောက်စေဖို့ ဂရုစိုက်နေရတာပါ။ ဒီလိုဒုက္ခတွေကို ကလေးမွေးးဖူးတဲ့ မေမေတို့သာ သိနိုင်မှာ ဖြစ်ပါတယ်။ ကလေးတောင်မှပဲ သားသားလေးမွေးရတာနဲ့ မီးမီးလေးမွေးရတာ မတူညီပါဘူး။

ယောင်္ကျားလေးကိုယ်ဝန်လွယ်ထားရချိန်မှာ မိန်းကလေးကိုယ်ဝန်လွယ်ရတာနဲ့ ကွာခြားမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ယောင်္ကျားလေးကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းတွေသာ ခံစားသိရှိနိုင်မယ့် အချက်များကို ဖော်ပြပေးသွားပါမယ်။

ယောင်္ကျားကိုယ်ဝန်လွယ်ထားရကြောင်း အထင်ရှားဆုံး အချက်ကတော့ အစာစားခြင်းပါပဲ။ မိန်းကလေးကိုယ်ဝန်လွယ်ထားချိန်မှာထက် ယောင်္ကျားလေးကိုယ်ဝန်လွယ်ထားချိန်မှာ မိခင်လောင်းတွေဟာ ပိုမိုစားသုံးလေ့ရှိပါတယ်။ ပုံမှန် စားသုံးမှုအပြင် သရေစာ နဲ့ အချိုပွဲတွေပါ ထပ်ပြီး စားသောက်လေ့ရှိကာ မကြာခဏ ဗိုက်ဆာနေတတ်တာကို တွေ့ရမှာပါ။

မိန်းကလေးကိုယ်ဝန်လွယ်ထားရချိန်မှာ မိခင်လောင်းဟာ ကိုယ်ဝန်သက်တမ်းနုချိန်မှာ ကတည်းက အော့အန်ခြင်းတွေ ဖြစ်ပေါ်လေ့ရှိပြီး ယောင်္ကျားလေးကိုယ်ဝန်လွယ်ထားချိန်မှာတော့ အော့အန်ခြင်း မရှိသလောက် နည်းပါးတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ယောင်္ကျားလေးကိုယ်ဝန်ရချိန်မှာ မိန်းကလေးကိုယ်ဝန်ထက် ပိုမိုပင်ပန်းပြီး အိပ်ရာထဲမှာသာ အချိန်ပြည့် လှဲလျောင်းချင်နေမှာပါ။

နောက်ဆုံးတစ်ချက်ကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားဟာ ယောင်္ကျားလေးဆိုရင် လှုပ်ရှားမှုပိုမိုပြုလုပ်မှာဖြစ်ပြီး ဒီအချက်တွေဟာ ယောင်္ကျားလေးကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းတွေသာ သိရှိနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။
HYA (kyarlay)