မေမေတို့ရေ အခုလိုရာသီအချိန်မှာ သားသားမီးမီးလေးတေွအတွက် ဂရုပြုပေးရမယ့် ရောဂါတေွအနက် သေွးလွန်တုပ်ကေွးရောဂါလည်း ပါ၀င်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း သေွးလွန်တုပ်ကေွး ရောဂါလက္ခဏာတေွနဲ့ပတ်သက်ပြီး မေမေတို့ ကြိုတင်သိရှိစေဖို့အတွက် ကျားလေးက မှျဝေပေးချင်ပါတယ်နော်။
- ရုတ်တရက်အဖျားတက်လာခြင်းနဲ့အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားမသောက်ချင်ဖြစ်ခြင်း၊ ခန္ဓာကိုယ်မှာ အစက်အပြောက်ပေါ်လာခြင်းတို့ဖြစ်တတ်ပါတယ်။
- ပုံမှန်ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကေွးရောဂါနဲ့လည်း ကွာခြားမှုမရှိတဲ့အတွက် အများအားဖြင့်က သေွးလွန်တုပ်ကေွးမှန်းမသိတတ်ကြပါဘူး။
- ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းတေွက သေွးပေါင်ချိန်တိုင်းကိရိယာနဲ့ စစ်ဆေးကြည့်ရင်တော့ လက်ဖျံမှာအစက်အပြောက်လေးတေွပေါ်လာတာကို မြင်တေွ့သိနိုင်ပါတယ်။
- သေွးလွန်တုပ်ကေွးရောဂါက အခန့်မသင့်ရင် သေွးထွက်ခြင်း၊ သေွးလန့်ခြင်းနဲ့ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်ပေါ်တတ်ပါတယ်။
အဲ့ဒါကြောင့်လည်း အပေါ်ဆုံးမှာပြောထားတဲ့ လက္ခဏာတေွ သားသားမီးမီးလေးတေွခံစားရတာကို တေွ့ပြီဆိုရင်တော့ မေမေတို့အနေနဲ့ မပေါ့ဆဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ပြသပြီး စစ်ဆေးသင့်ပါတယ်နော်။
(ကျန်းမာရေးဝန်ကြီးဌာန)
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)