မေမေတို့ရေ အခုဆိုရင် မိုးကျတဲ့အချိန်ရောက်လာပြီနော်။ နောက်ပြီး ကျောင်းတက်တဲ့အရွယ်ကလေးငယ်တေွဆိုရင်တော့ ကျောင်းကိုပို့ရတော့မယ့်အချိန်ရောက်နေပြီနော်။ ဒီလိုရာသီမျိုးမှာ သားသားမီးမီးလေးတေွ သေွးလွန်တုပ်ကေွးမဖြစ်စေဖို့အတွက် မေမေတို့က ကြိုတင်ပြီး ကာကွယ်ပေးဖို့လိုနေပြီနော်။ သေွးလွန်တုပ်ကေွးက ဒီလိုရာသီမျိုးမှာ ပိုမိုအဖြစ်များတဲ့အတွက် မေမေတို့၊ ဖေဖေတို့တေွက ရင်သေွးငယ်တေွ ခြင်ကိုက်မခံရအောင်သေချာလေး ဂရုစိုက်ပေးဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ နေ့ဘက်ပဲအိပ်အိပ်၊ ညဘက်ပဲအိပ်အိပ် ခြင်ထောင်(ဆေးစိမ်ခြင်ထောင်) နဲ့သိပ်ဖို့လိုအပ်ပါတယ်။
ကလေးငယ်လေးတေွအတွက် သုံးတဲ့ ခြင်မကိုက်ကပ်ခွာ၊ လက်ပတ်၊ ဆေးရည်လေးတေွကိုလည်း အသုံးပြုနိုင်ပါတယ်။
ကျောင်းနေရွယ်ကလေးတေွဆိုရင်လည်း ကျောင်းသွားတဲ့အခါ ကျောင်းမှာခြင်မကိုက်အောင် မေမေတို့ ခြင်မကိုက်ဆေးလေးတေွလိမ်းပေးလိုက်တာ၊ ထည့်ပေးလိုက်တာမျိုးနဲ့ ကာကွယ်ပေးဖို့လိုပါတယ်နော်။ ဒီရာသီက ကလေးငယ်တေွကို အထူးဂရုစိုက်ရမယ့်အချိန်ဖြစ်လို့ မေမေတို့အားလုံးက ဂရုစိုက်ပေးဖို့အတွက် ကျားလေးကမှျဝေပေးလိုက်ပါတယ်နော်။
Photo credit - ကျန်းမာရေးဝန်ကြီးဌာန
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)