
ခက်တဲ့ စာလုံးပေါင်းသတ်ပုံတေွကိုဆို ကလေးတေွခဏခဏမှားတတ်ကြပါတယ်။
မေမေတို ့ရဲ ့ကလေးတေွ ဒီလိုခက်ခဲတဲ့အချိန်တေွကိုဖြတ်သန်းနေရတဲ့အခါ မေမေတို ့အနေနဲ ့သူတို ့လေးတေွမှားတတ်တဲ့ စာလုံးပေါင်းလေးတေွကို မှတ်စုစာအုပ်လေးနဲ ့မှတ်ထားပြီးအကြိမ်ကြိမ်သင်ပေးပါနော်။
ကေလးကို ဘယ္လိုကူညီမလဲ?
စာတေွကို ရေးတာ/ဖတ်တာသင်ခြင်းဟာ ကလေးတယောက်ရဲ ့ငယ်ဘဝအတွက် အခက်ခဲဆုံးအချိန်တေွပါပဲ။
ကလေးက စာလုံးပေါင်းခဏခဏမှားတတ်တဲ့အကျင့်ရှိတဲ့အခါ မေမေတို ့အနေနဲ ့ ကလေးကိုဘေးကနေ ဖေးမ ကူညီပေးပါနော်။
စာလုံးပေါင်းခဏခဏမှားတတ်တာလေးတေွကို အကြမ်းစာအုပ်ထဲ အကြိမ်ကြိမ်ရေးခိုင်းမယ်/ ကလေးကို စာလုံးဆက်တိုင်း ဆော့ပေးမယ်/ စာတေွကို မကြာခဏဖတ်ပြမယ်ဆိုရင် ကလေးဟာ စာလုံးပေါင်းတေွကို မမေ့တော့ပါဘူး။
ကလေးတေွကိုသင်ပြဖို ့အတွက် မိဘတယောက်အနေနဲ ့စိတ်ရှည်ရှည်နဲ ့အချိန်ပေးဖို ့ပဲလိုပါတယ်နော်။
ကလေးတေွ သတ်ပုံမှားတာပြင်နိုင်မယ့်အချက်တေွ~
1-ကလေးတေွကို အသံထွက်မမှားဖို ့သင်ပေးပါ။
အသံထွက်မှန်မှသာ စာလုံးပေါင်းသတ်ပုံကိုသေချာ
ပေါင်းနိုင်မှာဖြစ်ပါတယ်။တချို ့ကလေးတေွအသံထွက်နဲ ့သတ်ပုံတေွကိုမှားလေ့ရှိပါတယ်။
ဒါတေွကို မိဘနဲ ့ဆရာမတေွကဝိုင်းပြီးကူညီပေးမှ အဆင်ပြေမှာပါ။
2-စာလုံးဆက်တဲ့ကစားနည်း~

ကလေးတေွကို စာလုံးဆက်တဲ့ scrabble လိုကစား
နည်းတေွကစားပေးတာကလဲ အကောင်းဆုံးပါပဲ။
ဒီကစားနည်းလေးဟာ ကလေးတေွကိုပျော်စေရုံသာ
မက စာလုံးလေးတေွကိုပါမှတ်မိလွယ်စေပါတယ်။
3-စာလုံးပေါင်းသတ်ပုံလေးတေွအမြဲမှတ်မိနေစေဖို ့~
စကားလုံးအတိုလေးတေွကိုမေမေတို ့ကအမြဲနှုတ်
ကနေရွတ်နေပေးပါ။
ကလေးကိုလဲ နောက်ကနေလိုက်ဆိုခိုင်းပေးပါနော်။
မဂ္ဂဇင်းတေွ/စာအုပ်တေွမှာတေွ ့ရတဲ့ စာကြောင်း
လေးတေွကိုလဲ ဖတ်ခိုင်းပေးပါ။
ဒါကလဲ ကလေးကို သတ်ပုံအမှားနည်းအောင်ကူညီ
ပေးခြင်းပါပဲ။
4-စာဖတ်ခြင်းအလေ့~
ကလေးကိုတစ်နေ့ မိနစ်၃၀လောက် နေ ့တိုင်းစာဖတ်
ခိုင်းပေးပါ။
ဖတ်ပြီးတိုင်းလဲ ပြန်ပြောပြခိုင်းပေးပါ။
ဘယ်စာလုံးကဘယ်လိုပေါင်းတာလဲစသဖြင့်ပေါ့နော်။
ဒီလိုလုပ်တာကလဲကလေးကိုကူညီရာရောက်ပါ
တယ်နော်။
စာဖတ်ခြင်းဟာကလေးအတွက် ဝေါဟာရကြွယ်စေဖို ့
အရမ်းကောင်းတဲ့ နည်းတစ်ခုပါ။
စာဖတ်ခိုင်းရင်လဲ ကလေးစိတ်ဝင်စားတဲ့စာမျိုးကိုပဲစ
ဖတ်ခိုင်းပါ။
5-ပုံဆွဲခြင်း

ပုံကလေးတေွဆွဲပြတာကလဲ သတ်ပုံအတွက်အထောက်အကူဖြစ်စေပါတယ်။
ဆွဲထားတဲ့ပုံလေးတေွရဲ ့နာမည်လေးတေွကိုပြောပြပြီး စာလုံးပေါင်းပြတဲ့အခါ ကလေးကိုစိတ်ဝင်စားမှုရှိစေပါတယ်။
ဒါဟာလဲ ကလေးအတွက် စာလုံးပေါင်းမမှားဖို ့ကူညီသင့်တဲ့အချက်တစ်ခုပါပဲ။
အပေါ်ကအချက်တေွထဲမှာ ကိုယ့်ကလေးနဲ ့ဘယ်အချက်သင့်တော်မလဲ စဉ်းစားပြီး ကလေးတေွ သတ်ပုံထပ်မမှားအောင် ဂရုစိုက်ပေးကြရအောင်နော်.....
TZWMA(Kyarlay)