Kyarlay.com

almost 2 years

ကိုယ်ဝန်သည်များ ဂရုစိုက်သတိပြုသင့်တဲ့ ဆီးချို အကြောင်း


Ecjwwpekltdpjg0idnym


နဂိုကတည်းက ရှိတဲ့ ဆီးချိုနဲ့ ကိုယ်ဝန်ရှိတော့မှ ဖြစ်တဲ့ဆီးချို ဆိုပြီး ဆီးချို (၂)မျိုး ရှိပါတယ်။
ကိုယ်ဝန်ဆောင်မှပေါ်လာတဲ့ဆီး ချိုရောဂါက ကိုယ်ဝန်နဲ့ကလေးကို ထိခိုက်စေပါတယ်။



ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချို ဆိုတာ လူတိုင်းတော့မဖြစ်ဘူးပေါ့။ ကိုယ်ဝန်ရှိတော့မှ ဖြစ်တဲ့ဆီးချိုက ဘယ်လိုလူတွေမှာဖြစ်တတ်ပါသလဲဆိုရင်


• မိဘ၊ ညီအကိုမောင်နှမ အရင်းအခြာတွေမှာ ဆီးချိုရှိတဲ့သူ၊
• သိပ်ဝတဲ့သူ၊
• အရင်သိပ်ထွားတဲ့ မွေးကင်းစ ကိုယ် အလေးချိန် ၄.၅ ကီလိုဂရမ်(၉ ပေါင်)နဲ့ အထက်မွေးဘူးတဲ့သူတွေ၊
• ခြေလက် အင်္ဂါချို့ယွင်းတဲ့ ကလေးမွေးဘူးသူတွေ၊
• လရင့်မှ ဗိုက်ထဲမှာ မမျော်လင့်ဘဲ ကလေးဆုံးပြီ အသေမွေးတဲ့သူတွေမှာဖြစ် တတ်ပါတယ်။

ကိုယ်ဝန်ဆောင်မှပေါ်လာတဲ့ဆီးချိုရောဂါက ကိုယ်ဝန်ဆောင်စဉ်သွေးတိုးရောဂါနဲ့ ကိုယ်ဝန်ဆိပ် တက်ရောဂါဆိုတာနဲ့ပါတွဲ တွေ့ရတတ်တယ်။ ကိုယ်ဝန်မှာမှဖြစ်တဲ့ဆီးချို Gestational Diabetes Mellitus လို့ခေါ်ပါတယ်။
အဲ့လိုလူမျိုးတွေက အသက်ကြီးလာရင် ဆီးချို ဖြစ်လာတတ်ပါ တယ်။ ကိုယ်ဝန်မရှိခင်ကမရှိထားဘဲ ကိုယ်ဝန်ဆောင်မှ သွေးဖောက်ကြည့်လိုက်တော့သွေးချို၊ ဆီးချိုးရှိနေတတ်ပါ
တယ်။ မွေးပြီးရင်ပြန်ပျောက်သွားတတ်တယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်မှ ပေါ်လာတဲ့ ဆီးချိုကြောင့် ကလေးအရမ်းထွားတာတွေ ဖြစ်တတ်ပါတယ်။
အရမ်းထွားတော့မွေးဖွားရ ခက်ခဲတာတွေဖြစ်တတ်ပါတယ်။
ခွဲမွေးရခြင်း၊ ညှပ်ဆွဲမွေးရခြင်း၊လေစုပ်မွေးရခြင်း တွေဖြစ်တတ်ပါတယ်။
မွေးရခက်တဲ့အတွက် ကလေးမှာ ဒါဏ်ရာရခြင်းတွေဖြစ်တတ်ပါတယ်။
ကလေး က ထွားပေမဲ့ နုတတ်ပါတယ်။
ဒါကြောင့် မွေးကင်းစနဲ့ မွေးပြီး တပါတ်အတွင်းမှာ ကလေး အသက်ရှုခက်ခဲတာ၊ အသားဝါတာ၊ အချိုဓါတ်ကျတာ၊ပိုးဝင်လွယ်တာတွေဖြစ်တတ်ပြီး အန္တရာယ်ရှိ ပါတယ်။

အခုခေတ် မှာတော့ ဆီးချို တော်တော်ကို အဖြစ်များလာတာ တွေ့ရပါတယ်။

ဒါကြောင့် မွေးပြီးရင် ၆ပါတ်မှာ တခါပြန်စစ်ပြီး၊ နောက်ပိုင်း တစ်နှစ်တစ်ခါစစ်သင့်ပါတယ်။
ဒါမှ ရှိလား မရှိလားဆိုတာကို သိမယ် နောက်ကိုယ်ဝန် အတွက် လည်း အဆင်ပြေမယ်ပေါ့နော်။ အဲ့လို ကြိုသိပြီး ဂရုတစိုက် ကုသစောင့်ရှောက်ရင်တော့ ရောဂါ ရဲ့ရှုပ်ထွေးမှု နောက်ဆက်တွဲပြသနာတွေ မဖြစ်တော့ဘူးပေါ့။

ကိုယ်ဝန်ဆောင်မှ ဆီးချို ရှိတယ်ဆိုရင် ဆီးချိုရောဂါကုတဲ့ဆရာဝန်နဲ့
သားဖွားမီးယပ်အထူးကု ဆရာဝန်တို့ ပူးပေါင်းပြီး စောင့်ရှောက်ရပါတယ်။

မှတ်ချက် ။ ။ မေ့ရင်သွေး မဂ္ဂဇင်းမှ ကောက်နုတ်ထားသည်။

San Su Kyi Naing