မေမေတို့ရေ ဒီနေ့မှာတော့ ဖြည့်စွက်စာကျေွးလို့ရပြီဖြစ်တဲ့ သားသားမီးမီးတိုင်း စားသုံးနိုင်မယ့် ဖြည့်စွက်စာအနှစ်ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်နော်။ ဒီဖြည့်စွက်စာလေးကိုတော့ ကဗျာဆန်ဆန်လေးဖြစ်အောင် "ရေွှရည်ဆမ်းတဲ့ ခါကြက်ဥအနှစ်" လို့အမည်ပေးရအောင်နော်။
ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် ... စားပွဲဇွန်း ၁ ဇွန်း
- ပဲဝါလေး ... စားပွဲဇွန်း ၁ ဇွန်း
- မုန်လာဥနီ ... အရွယ်တော် ၁ ဥ
- ခရမ်းချဉ်သီး ... တစ်ခြမ်း
- ကြက်သွန်ဖြူ ... ၁ တက်
- အိုင်အိုဒင်းဆား ... အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ အားဖြည့်ဆန်နှင့် ပဲဝါလေးကို ရေစင်အောင်ဆေးပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ခရမ်းချဉ်သီးကို အပေါ်ခွံခွာပြီးအစေ့များထုတ်ထားပါ။
- ကြက်သွန်ဖြူအခွံခွာထားပါ။
- အိုးသန့်သန့်ထဲသို့ အားဖြည့်ဆန်၊ ပဲဝါလေး၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ အိုင်အိုဒင်းဆား၊ ခရမ်းချဉ်သီးထည့်ပါ။
- ပြီးလှျင် ရေကို ဟင်းချိုသောက်ပန်းကန်လုံး ၁ လုံးနှင့် တဝက်ထည့်ပါ။
- အဖုံးကိုလုံအောင်ဖုံးပြီး ကျိုချက်ပါ။ ရေခမ်းစပြုပြီး နူးအိသွားလှျင် မီးဖိုပေါ်မှချပြီး blander ထဲသို့ထည့်ကာ ကျိတ်ချေပါ။
- အအေးခံပြီးပါက ကလေးငယ်သံဓာတ်ပြည့်ဝပြီး အရပ်ရှည်ဉာဏ်ကောင်းမှုကို အထောက်အပံ့ရစေရန်အတွက် Sprinkles အမှုန့်တစ်ထုပ်ထည့်မေွှပြီးလှျင် ပန်းကန်လုံးထဲ၌ ပြင်ဆင်ပြီး ကျေွးမေွးနိုင်ပါတယ်။ (Sprinkles မှုန့်မထည့်လည်းရပါတယ်နော်)
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)