စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မိခင်နှင့် နဂါးမောက်သီး

Posted by Kyaw Lin Han August 10, 2019
Ngy05kevclwxjv4j8tiq

ကိုယ်ဝန်ဆောင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ သစ်သီးတွေ စားတာဟာ မိခင်ကျန်းမာရေး အတွက်သာမက ကလေးဖွံ့ဖြိုးမှုကိုပါ အကူအညီ ကောင်းကောင်း ပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေစားရင် အမျိုးစုံတဲ့ အာဟာရဓာတ်တွေရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်း စုံပြီးတော့ အာဟာရ ဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်နေလဲဆိုတာ အရင်ဆုံး လေ့လာကြည့်ရအောင်။

P7abupc3ebks1qc4hwce

နဂါးမောက်သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီးနဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ သို့မဟုတ် ပန်းရောင်အပြင် အခြားအရောင်တွေကလည်း တစ်မျိုးစီ အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

Y10orblj2cq918kfnarl

၁။ ဗီတာမင်ဓာတ်
--------------------
နဂါးမောက်သီးမှာ အဓိကဗီတာမင် အနေနဲ့ ဗီတာမင် C နဲ့ ဗီတာမင် B အုပ်စုတို့ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးမှာပါ ကျန်းမာ အားရှိတဲ့ ကိုယ်ခံစွမ်း အား ရရှိဖို့အတွက် ဗီတာမင် C ဟာ အရေးပါရုံသာမက သံဓာတ် စုပ်ယူတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။
ဗီတာမင် B ကတော့ ကလေးကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို စုပ်ယူပေးပြီး ကာဗိုဟိုက်ဒရိတ်တွေကို လောင်ကျှမ်းစေကာ စွမ်းအင်အဖြစ် ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဲ့ အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာ ဖို့သာမက အစာခြေစနစ်ကိုလည်း အထောက်အပံ့ ပေးပါတယ်။
ဗီတာမင် A လည်း အနည်းငယ် ပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့ သွားတွေကို သန်မာအောင် ပြုလုပ်ပေးနိုင်ပါ တယ်။

Rignupo9yl1qj3ar3tql

၂။ သတ္တုဓာတ်များ
---------------------
နဂါးမောက်သီးဟာ သံဓာတ်ရရှိဖို့အတွက် အဓိက အရင်းအမြစ်ဖြစ်တာနဲ့ အညီ အသီးရဲ့၁ဝဝ ဂရမ်မှာ သံဓာတ် ၁ မီလီဂရမ်နီးပါး ပါဝင်ပါတယ်။ သံဓာတ်ဟာ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအ တွင်းမှာ သွေးပမာဏကို များစေတဲ့အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမို ဂလိုဘင် ဖြစ်ပေါ်မှုကို အားပေးတာကြောင့် လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ကလေး မွေးဖွားတာတွေမှ ကောင်းကောင်း ကာကွယ်ပေးပါတယ်။ သန္ဓေသားရဲ့ ဆဲလ်တွေ ဖြစ်ပေါ်ရာမှာ အရေးကြီးတဲ့ ဖောလိတ်ကာဗိုဟိုက်ဒ ရိတ် ( Folate Carbohydrate )လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးမမွေးခင် စားပေးတာဟာ မွေးလာတဲ့ကလေးရဲ့အာရုံကြော ဆိုပါတယ်။ နောက်ပြီး ကယ်လ်စီယမ်ပါဝင်တာဟာ ကလေးရဲ့သွားတွေ၊ အရိုးတွေကို ကြီး ထွားဖို့ အရေးပါပြီး မဂ္ဂနီဆီယမ်၊ ပို တက်စီယမ်နဲ့ ဖိုက်တိုကယ်မီကယ် ပါ ဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တက်စေပြီးတော့ ဖျားနာတာ မဖြစ်အောင် ကူညီပေးပါတယ်။

Hi8mknpb8wmdwsezl9ow

အကြံပြုချက်
--------------
ဒါကြောင့် နဂါးမောက်သီးဟာ ကိုယ်ဝန်ဆောင်မိခင်အတွက်သာမက ကလေး အတွက်ပါ များစွာသော အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အလေ့အကျင့် လုပ်ပြီးတော့ စားသင့်ပါတယ်။ ဒီအတိုင်း အသီးကို ဇွန်းနဲ့ခပ်ထုတ်ပြီး စားရတာ ခံတွင်းမတွေ့လှဘူးဆိုရင်တော့ တခြား အကျိုးပြုအသီးအနှံတွေဖြစ်တဲ့ နာနတ်သီး၊ သရက်သီး၊ သင်္ဘောသီး၊ ကီဝီသီး စတာတွေနဲ့ အချိုရည်အနည်းငယ်ရောကာ အသီးအသုပ်စုံ ပုံစံမျိုး စားပေးသင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။
#Ref(ဒေါက်တာ အိဖြူ -ကိုယ်ဝန်ဆောင်နဲ့ နဂါးမောက်သီးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.