မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် စားချင်စဖွယ်လေးပြင်ဆင်ချိန်မှာ ကလေးငယ်တေွအတွက် အဟာရပြည့်ဝစေဖို့ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်နော်။ ဒီကနေ့တော့ သားသားမီးမီးလေးတေွအတွက် အင်အားဓာတ်တေွရစေမယ့်အပြင် သံဓာတ်လည်းပြည့်ဝစေမယ့် ဟင်းလျာလေးတစ်မျိုးကို စီစဉ်ပေးလိုက်ရအောင်နော်။ ဒီဟင်းလျာလေးရဲ့အမည်ကိုလည်း သူ့ရဲ့အဟာရဓာတ်တေွကိုပါ သားသားမီးမီးတို့တွဲပြီးမှတ်သားမိစေဖို့အတွက် "ခွန်အားပြည့်ဝ သံဓာတ်ရမယ့် ပန်းစိမ်းကြက်ဥလိပ်" ရယ်လို့ အမည်လေးပေးလိုက်ရနော်မေမေတို့ရေ။
ပါ၀င်ပစ္စည်းများ ...
- ကြက်ဥ ... ၂ လုံး (လတ်ဆတ်သည့်ကြက်ဥ)
- ပန်းဂေါ်ဖီစိမ်း ... အရွယ်သေး ၁ ဖူး
- မုန်လာဥနီ ... အသေး ၁ ဥ
- ဆား ... အနည်းငယ်
- ထောပတ် ... အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ပန်းဂေါ်ဖီဖူးကို ရေစင်အောင်ဆေး ရေနေွးဖျောပြီး နုတ်နုတ်စင်းပါ။
- ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီး သမနေအောင်ခေါက်ထားပါ။
- မုန်လာဥနီကို အမှျင်လေးများရအောင်ခြစ်ထားပါ။
- ပန်းဂေါ်ဖီစိမ်းများကို ကြက်ဥခေါက်ထားသည့်အထဲသို့ထည့်ပြီး ရောနယ်ပါ။
- ပြီးလှျင် ကြက်ဥပန်းဂေါ်ဖီများကိုစုလုံးပြီးအလယ်တွင် မုန်လာဥနီအမှျင်လေးများကို ဌာပနာအနေဖြင့်ထည့်ပြီး အလုံး၊ အရှည်တောင့်၊ လေးထောင့်တုံး စသည့်ဖြင့် မေမေတို့နှစ်သက်ရာပုံစံပြုလုပ်ပေးပါ။
- ပြီးတဲ့အခါမှာတော့ ဒယ်အိုးပြားလေးထဲတွင် ထောပတ်အနည်းငယ်ထည့်အပူပေးပြီးပါက ပုံသဏ္ဍာန်စုံပြုလုပ်ထားသည့် ကြက်ဥပန်းစိမ်းလေးများကို အိုးထဲသို့စီထည့်ပြီး အဖုံးအုပ်ထားပေးပါ။
- ၃ မိနစ်ခန့်ကြာလှျင် အဖုံးပြန်ဖွင့်ပြီး တစ်ဖက်လှန်ကာ နောက်ထပ် ၃ မိနစ်ခန့်အဖုံးအုပ်ထားပေးပါ။
- ပြီးလှျင် စားသုံးရန်အနေအထား ကြည့်ရှုပြီးအအေးခံကာ ရင်သေွးငယ်များကို ကျေွးမေွးနိုင်ပါပြီ။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)