မေမေတို့ရေ ဒီနေ့ခေတ်ကာလမှာ မေမေတေွကလည်း ဖေဖေတေွနဲ့အတူတူရင်ဘောင်တန်းပြီး အလုပ်တစ်ခုလောက်လုပ်နေကြရတာများတယ်နော်။ ဒါပေမယ့်လည်း ရင်သေွးလေးရလာတဲ့အချိန်မှာ ရင်သေွးလေးအတွက် မိခင်မေတ္တာတေွအပြည့်အဝပေးနိုင်စေဖို့ မေမေတို့က အလုပ်နားဖို့စဉ်းစားတတ်ကြပါတယ်။ အဲ့ဒီလိုအလုပ်နားဖို့ စဉ်းစားတဲ့ မေမေတေွအတွက် နိုင်ငံတကာသုတေသီတေွက စီစဉ်ထားတဲ့ မေးခွန်းလေးတေွရှိပါတယ်တဲ့။ ဒီမေးခွန်းလေးတေွကို ကျားလေးရဲ့မေမေတေွသိစေဖို့ မှျဝေပေးမယ်နော်။
- အပြင်မထွက်တော့ဘဲ အိုးမကွာအိမ်မကွာ လုပ်နိုင်မယ့် အလုပ်မျိုးရှိပါသလား။
- မဖြစ်မနေ အပြင်ထွက်ရတော့မယ်ဆိုရင် ကလေးကိုဘယ်သူနဲ့ထားခဲ့တာ အဆင်ပြေဆုံးဖြစ်မလဲ။ (ဆေွမျိုး၊ အဘိုးအဘွား၊ ကလေးထိန်း)
- အိမ်ထောင်ဖက်ကရော ကလေးကို တစ်စိတ်တစ်ပိုင်း တာဝန်ယူကူညီပေးနိုင်/မပေးနိုင်။
- ကလေးအတွက် အကောင်းဆုံးအနေအထားက ဘာလဲ။ ကိုယ့်အတွက် အကောင်းဆုံးအခြေအနေက ဘာလဲ။ (အခြေအနေကို ဒီအဖြေနှစ်ခုကြားမှာ ကြားချယူရမှာဖြစ်ပါတယ်။)
- အချိန်ပြည့် အလုပ်လုပ်ဖို့ မဖြစ်နိုင်သေးရင်လည်း တစ်နေ့ကို ဘယ်နှစ်နာရီ အလုပ်လုပ်နိုင်မလဲ။
မေမေတို့ရေ ခံစားမှုနဲ့ဖြေရမယ့် အောက်ပါမေးခွန်းလေးတေွလည်း ရှိပါသေးတယ်နော်။
- ကလေးကို ခွဲထားခဲ့ရတာ ဘယ်လိုခံစားရလဲ။ (ဒီမေးခွန်းကိုတော့ အနည်းဆုံးတစ်ပတ်/ ဆယ်ရက်လောက် ခွဲကြည့်ပြီးမှဖြေသင့်ပါတယ်။)
- အလုပ်နဲ့ပတ်သက်လို့ တက်လမ်းတေွ၊ ယုံကြည်ချက်တေွ ဘယ်လောက်ရှိပါသလဲ။
- ဒီအလုပ်က ဘဝမှာ ဘယ်လောက်အရေးကြီးပါသလဲ။
- အလုပ်လုပ်နေချိန်မှာ စိတ်ချမ်းသာမှု ဘယ်လောက်ရှိသလဲ။
မေမေတို့ရေ နောက်ထပ်စဉ်းစားဖို့လိုတာတေွကတော့ မိသားစုရဲ့စီးပွားရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာပါနော်။
(ဒေါက်တာ မေမွန်ရေးသားသည့် ကလေးပြုစုပျိုးထောင်ရေးဆောင်းပါးများ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည်။ မေမေတို့အနေနဲ့ ရင်သေွးငယ်လေးများကို ပြုစုပျိုးထောင်ရန် သိသင့်သည်များကို ပိုမိုသိရှိလိုပါက အဆိုပါစာအုပ်လေးကို ကျားလေးမှာ မှာယူနိုင်ပါတယ်နော်)
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။
မိခင်နဲ့ရင်သေွးငယ််တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)