ညဖက်မှာ ကလေးလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာဟာ ကလေးအတွက်လဲကောင်းသလို မိဘတေွအတွက်လဲ အိပ်ရေးဝဝအိပ်ရစေပါတယ်။
ကလေးကို တစ်ညလုံး ပြသနာမရှိပဲ ကောင်းကောင်းအိပ်ပျော်စေတာဟာ မိဘတေွအတွက် စိန်ခေါ်မှု တစ်ခုပဲဖြစ်ပါတယ်။
ကလေးအိပ်ချိန် မမှန်တာဟာ မေွးကင်းစ ပထမဆုံးအချိန်တေွမှာဖြစ်ပေါ်တတ်ပါတယ်။
မေွးကင်းစ ကလေးလေးတေွဟာ ၂နာရီခြားတစ်ခါ နိုးတတ်တာမို ့စစချင်း လေ့ကျင့်ဖို ့အတွက် သိပ်အဆင်မပြေသေးပါဘူး။
စိတ်ရှည်ဖို ့အရေးကြီးပါမယ်နော်။
ကလေးလေးကို ညဘက်သေချာအိပ်စေတာက ရေရှည်မှာ ပြသနာနည်းစေပါတယ်။
အိပ်စက်တာဟာ ခန္ဓာကိုယ်ရဲ ့ အာရုံကြောစနစ်ကိုအနားပေးတာပါ။
အိပ်တာက ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အကူဖြစ်စေပြီး ကလေးရဲ ့အာရုံကြောဆိုင်ရာ နဲ ့စိတ်ခံစားမှုတေွကိုပိုပြီး
တိုးတက်စေပါတယ်။
ကလေးသေချာအိပ်စက်တဲ့အခါ မေမေကပါကောင်းကောင်းအနားယူလို ့ရပါတယ်နော်။
ကလေးကို သေချာအိပ်အောင်ဘယ်လိုကူညီမလဲ?
ကလေးကို မအိပ်ခင် နို ့အဝတိုက်ထားပါ။
အမေနို ့ဖြစ်ဖြစ် ၊ နို ့ဗူးပဲဖြစ်ဖြစ် ကြိုက်ရာတိုက်နိုင်ပါတယ်နော်။
ကလေးလေးက ညလယ်ခေါင်မှာ ဗိုက်ဆာလို ့နိုးလာရင်လဲ နို ့လေးပြန်တိုက်ပြီးသိပ်ထားနိုင်ပါတယ်။
ကလေးအတွက် အချိန်ဇယားလေးလုပ်ပေးခြင်း~
အိပ်ချိန်တေွကို အချိန်ဇယားနဲ ့သတ်မှတ်ပေးထားပါ။
စစချင်းမှာ ကလေးက နေသားမကျသေးပေမယ့် တဖြေးဖြေးမှာတော့အဆင်ပြေသွားမှာပါ။
ကလေးကို အချိန်တစ်ခုအနေနဲ ့ည၉နာရီဆို ၉နာရီပဲ နေ ့တိုင်း သိပ်ပေးပါနော်။
ညဘက် ကလေးအိပ်တဲ့အချိန်လေးကို တိတ်ဆိတ်ပြီးအေးချမ်းနေစေဖို ့ကူညီပေးပါ မေမေတို ့ရေ။
ကလေးကို အိပ်ယာစောစောဝင်စေခြင်း~
ညဘက်အိပ်ယာစောစောဝင်တဲ့အခါ ကလေးက မနက်စောစောနိုးနေပါလိမ့်မယ်။
စောစောအိပ်ယာဝင်တာကို ငယ်ငယ်ကတည်းက လေ့ကျင့်ထားတဲ့အခါ ကျောင်းတက်တဲ့အချိန်အထိ အကျင့်ပါသွားပါမယ်နော်။
အိပ်ယာစောစောဝင်တဲ့အခါ အိပ်ရေးဝစေပြီး ကလေးတေွကို စိတ်ကြည်လင်စေပါတယ်။
ကလေးကိုညအိပ်ယာဝင်တဲ့အခါ သူ ့ရဲ ့ကိုယ်ပိုင်စောင်လေးကိုသေချာခြုံပေးတာကလဲ ကလေးကိုနေွးစေပြီး ပိုအိပ်စေပါတယ်။
ညဘက်စောစောအိပ်ရာဝင်ချိန်တိုင်း ကလေးအိပ်မယ့်အခန်းမှာ ဆူညံသံမကြားရစေပဲ မီးမှိန်မှိန်လေးကိုသာထွန်းပေးသင့်ပါတယ်ရှင်.........
TZWMA(Kyarlay)